တာချီလိတ်မြို့ သာသနာ့ဂုဏ်ရည် ဓမ္မာစရိယ ပရိယတ္တိစာသင်ကျောင်းတိုက်အတွက် အလှုရှင်များ အရေးပေါ်လိုအပ်

တာချီလိတ်မြို့ သာသနာ့ဂုဏ်ရည် ဓမ္မာစရိယ ပရိယတ္တိစာသင်ကျောင်းတိုက်အတွက် အလှုရှင်များ အရေးပေါ်လိုအပ်
ဇန်နဝါရီ 6, 2016
By Tachileik News Agency
တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးအုပ်စုရှိ သာသနာ့ဂုဏ်ရည် ဓမ္မာစရိယ ပရိယတ္တိ စာသင် ကျောင်းတိုက်၏ မျက်နှာစာတွင် ပိတ်နေသည့် မြေကွက်အား ပိုင်ရှင်ဖြစ်သူမှ တစ်ဝက်ဈေးဖြင့် ရောင်းချပေးမည် ဖြစ်သဖြင့် အဆိုပါမြေကွက် ဝယ်ယူနိုင်ရန် အလှုရှင်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
( ရောင်းချပေးမည့် မြေကွက် )
ကျောင်းတိုက်သို့ သွားရာလမ်းသည် တောင်တက်လမ်းတွင် ရှိနေပြီး လက်ရှိကျောင်းတိုက်၏ အဝင် မျက်နှာစာ အကျယ်မှာ ပေ(၂၀) ခန့်သာရှိပြီး မျက်နှာစာရှေ့ တည့်တည့်တွင် ပေ(၄၀) ပေ(၆၀) အိမ်ခြံမြေကွက်က ပိတ်နေသည့် အနေအထားတွင် ရှိနေခြင်းဖြစ်သည်။
( ရောင်းချပေးမည့် မြေကွက် )
ကျောင်းတိုက်၏ မျက်နှာစာ အဝင်လမ်း ကျယ်ကျယ် အသုံးပြုနိုင်ရန်နှင့် နောင်ဆက်လက် ဆောင်ရွက်မည့် အဆောက်အဦများ ဆောက်လုပ်ရန်တို့ အတွက် အိမ်ခြံမြေ ပိုင်ရှင်နှင့် ညှိနိုင်းရာ ပိုင်ရှင်က ပေါက်ဈေး၏ တစ်ဝက်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ကျန်တစ်ဝက်ကို ၎င်းမှလှူဒါန်းပေးမည် ဖြစ်ကြောင်း ညှိနိုင်း ရရှိခဲ့သဖြင့် ပိုင်ရှင်သို့ ပေးချေရမည့် ဘတ်(၄)သိန်းအတွက် အလှူရှင်များ လိုအပ်နေခြင်းဖြစ်ကြောင်း အဆိုပါ ကျောင်းတိုက်မှ သိရသည်။
အဆိုပါ မြေနေရာအား ဝယ်ယူရန် စိတ်ဝင်စားသူများလည်း ရှိနေသဖြင့် အနယ်နယ်အရပ်ရပ်မှ စာသင်သား သံဃာတော်များပါ လက်ခံမည့် ပရိယတ္တိစာသင်တိုက်၏ ရေရှည်အကျိုးအတွက် လိုအပ်သော မြေကွက်အား ဝယ်ယူနိုင်ရေး လှုဒါန်းသူများကို လိုအပ်နေခြင်းဖြစ်သည်။
"ဒီမြေနေရာကို အခြားသူများကလည်း လာရောက်ဝယ်ယူနေကြောင်း သိရပါတယ်၊ အခြားသူတစ်ဦးထံ လွှဲပြောင်း ရောက်ရှိသွားပြီးရင်  ပြန်လည်ဝယ်ယူရန် အခက်အခဲ ဖြစ်လာနိုင်တာကြောင့် သာသနာ့မြေ အလှူအတွက် သဒ္ဓါတက်အား နည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြဖို့ အလှူရှင်များ လိုအပ်နေပါတယ်၊ ဒီမြေကွက်ကိုဝယ်ပြီးသွားရင် စာသင်သား သံဃာတော်များ ထားရှိမှာ ဖြစ်တာကြောင့် မိတ်ဆွေများ ပါဝင် လှူဒါန်းနိုင်ကြဖို့ ဆော်သြလိုက်ပါတယ်ဗျာ..."ဟု အဆိုပါ ကျောင်းတိုက် အကျိုးတော်ဆောင် ဦးစည်သူမောင်က ပြောလာသည်။
ဆက်သွယ်လှူဒါန်းနိုင်မည့် လိပ်စာနှင့် ဖုန်းနံပါတ်များ
..............
ဆရာတော် ဦးဓမ္မဓဇ
(သာသနဓဇ ဓမ္မာစရိယ)
ကျောင်းထိုင်ဆရာတော်၊ ဓမ္မာစရိယ ပရိယတ္တိ စာသင်ကျောင်းတိုက်၊ လွယ်တော်ခမ်း၊ တာချီလိတ်မြို့။
ထိုင်းဖုန်း။  ။ ၀၈၆-၉၂၄၃၇၃၁
ဦးမြင့်ကြိုင်
ခရိုင်မြေစာရင်း ဦးစီးမှူး
ထိုင်းဖုန်း ။  ။ ၀၈၉-၇၀၂၂၂၀၆
မြန်မာဖုန်း ။  ။ ၀၉၄၅၈၀၃၃၈၉၄
ဦးစည်သူမောင်
ထိုင်းဖုန်း။  ။ ၀၈၅၀၃၈၈၈၈၇
မြန်မာဖုန်း။  ။ ၀၉၄၂၈၂၂၁၄၅၄
ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net