လူသားနဲ႔ လုပ္ထားတဲ့ အသားညႇပ္ မုန္႔ေၾကာင့္ ဘရာဇီးႏိုင္ငံသားမ်ား အထိတ္တလန္႔ ျဖစ္သြား

လူသားနဲ႔ လုပ္ထားတဲ့ အသားညႇပ္ မုန္႔ေၾကာင့္ ဘရာဇီးႏိုင္ငံသားမ်ား အထိတ္တလန္႔ ျဖစ္သြား
ဇန်နဝါရီ 16, 2016
By Tachileik News Agency

ဘရာဇီးႏိုင္ငံသားေတြအတြက္ အံ့ၾသစရာေကာင္းၿပီး ေၾကာက္စရာလည္း ေကာင္းလွတဲ့ သတင္းေၾကာင့္ အသားညႇပ္မုန္႔ကို အေတာ္ၾကာေအာင္ မစားရဲဘဲ ျဖစ္သြားၾကရပါတယ္။

ဘရာဇီး လင္မယားစံုတြဲျဖစ္တဲ့ Jorge Beltrao Negromonte da Silvera နဲ႔ Isabel Cristina တို႔ ေရာင္းတဲ့ အသားညႇပ္မုန္႔ကို စားခဲ့ဖူးၾကတဲ့ သူေတြကေတာ့ သူတို႔ေရာင္းတဲ့ အသားညႇပ္မုန္႔က စားရတာ အရသာရိွတယ္လို႔ ခ်ီးက်ဴးခဲ့ၾကတာပါ။

ဒီလင္မယားစံုတြဲကလည္း ေက်ာင္း၊ အိမ္နီးနားခ်င္းေတြ၊ ေဆးရံုေတြအထိ ေရာင္းခ်ခဲ့တဲ့ သူတို႔မုန္႔မွာ အေကာင္းစား တူနာငါးနဲ႔ အေကာင္းစား ၾကက္သားကို သံုးတယ္လို႔ စားသံုးသူေတြကို ေျပာထားေပမဲ့ တကယ္ေတာ့ လူသားနဲ႔ ျပဳလုပ္ထားတာကို ဘယ္သူမွ မသိခဲ့ၾကတာပါ။

ဒီလင္မယားစံုတြဲနွစ္ေယာက္ဟာ စိတၱဇေရာဂါ ျဖစ္ေနၾကတာျဖစ္ၿပီး လူသားစားျခင္းကို အင္မတန္ စြဲလန္းသူေတြ ျဖစ္ေနတာပါ။

သူတို႔ဟာ မိန္းကေလးကိုသာ သတ္ၿပီး အေလာင္းကို အိမ္ထဲသယ္ၿပီး စားၾကတာပါ။ ဒီထက္ပိုဆိုးတာက သူတို႔ စားမကုန္တဲ့ အသားေတြနဲ႔ အသားညႇပ္မုန္႔ကို ထုတ္လုပ္တာျဖစ္ပါတယ္။

ေနာက္ဆံုးမွာေတာ့ ရဲတပ္ဖြဲ႕က ဒီလင္မယား ႏွစ္ေယာက္ကို ဖမ္းမိလိုက္ ႏိုင္တာေၾကာင့္ ဘရာဇီးႏိုင္ငံသားေတြ အတြက္ အံ့ၾသစရာ နဲ႔  ေၾကာက္စရာ အေကာင္းဆံုး သတင္းအျဖစ္ ျဖစ္ေပၚခဲ့တာ ျဖစ္ပါတယ္။

ဘာသာျပန္။  ။ #နန္းေမာက္ကြမ္
Ref; Dailymail
********************

( unicode )

ဘရာဇီးနိုင်ငံသားတွေအတွက် အံ့သြစရာကောင်းပြီး ကြောက်စရာလည်း ကောင်းလှတဲ့ သတင်းကြောင့် အသားညှပ်မုန့်ကို အတော်ကြာအောင် မစားရဲဘဲ ဖြစ်သွားကြရပါတယ်။

ဘရာဇီး လင်မယားစုံတွဲဖြစ်တဲ့ Jorge Beltrao Negromonte da Silvera နဲ့ Isabel Cristina တို့ ရောင်းတဲ့ အသားညှပ်မုန့်ကို စားခဲ့ဖူးကြတဲ့ သူတွေကတော့ သူတို့ရောင်းတဲ့ အသားညှပ်မုန့်က စားရတာ အရသာရှိတယ်လို့ ချီးကျူးခဲ့ကြတာပါ။

ဒီလင်မယားစုံတွဲကလည်း ကျောင်း၊ အိမ်နီးနားချင်းတွေ၊ ဆေးရုံတွေအထိ ရောင်းချခဲ့တဲ့ သူတို့မုန့်မှာ အကောင်းစား တူနာငါးနဲ့ အကောင်းစား ကြက်သားကို သုံးတယ်လို့ စားသုံးသူတွေကို ပြောထားပေမဲ့ တကယ်တော့ လူသားနဲ့ ပြုလုပ်ထားတာကို ဘယ်သူမှ မသိခဲ့ကြတာပါ။
ဒီလင်မယားစုံတွဲနှစ်ယောက်ဟာ စိတ္တဇရောဂါ ဖြစ်နကြေတာဖြစ်ပြီး လူသားစားခြင်းကို အင်မတန် စွဲလန်းသူတွေ ဖြစ်နေတာပါ။

သူတို့ဟာ မိန်းကလေးကိုသာ သတ်ပြီး အလောင်းကို အိမ်ထဲသယ်ပြီး စားကြတာပါ။ ဒီထက်ပိုဆိုးတာက သူတို့ စားမကုန်တဲ့ အသားတွေနဲ့ အသားညှပ်မုန့်ကို ထုတ်လုပ်တာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့က ဒီလင်မယား နှစ်ယောက်ကို ဖမ်းမိလိုက် နိုင်တာကြောင့် ဘရာဇီးနိုင်ငံသားတွေ အတွက် အံ့သြစရာ နဲ့ ကြောက်စရာ အကောင်းဆုံး သတင်းအဖြစ် ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဘာသာပြန်။ #နန်းမောက်ကွမ်
Ref; Dailymail

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~