မိကျောင်းအမြီးများနှင့် မိကျောင်းများ နယ်စပ်တစ်ခု၌ ဖမ်းမိ
မိကျောင်းအမြီးများနှင့် မိကျောင်းများ နယ်စပ်တစ်ခု၌ ဖမ်းမိ
ဇနျနဝါရီ 28, 2016
By Tachileik News Agency
အာဆီယံဒေသတွင်း နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ ဒီလို ရေချိုမိကျောင်းတွေဟာလည်း စီးပွားရေးသမားတွေ ကူးသန်းရောင်းဝယ်နေတာကြောင့် လက်ရှိမှာတော့ မျိုးတုန်းရမယ့် အန္တရာယ်နဲ့ ကြုံနေကြရတာပါ။
ဘာသာပြန်။  ။ နန်းမောက်ကွမ်
*****************
( unicode )
ဗီယက်နမ်နိုင်ငံ နယ်စပ်ကနေ တရားမဝင် ပစ္စည်းခိုးယူ သယ်ဆောင်သူတွေကို တားမြစ် ဖမ်းဆီးရာကနေ မိကျောင်းတွေကိုပါ ဖမ်းဆီး လိုက်နိုင်တယ်လို့ တရုတ်နိုင်ငံ ဖန်ချန်ကန်းမြို့က ရဲတပ်ဖွဲ့က ဆိုထားပါတယ်။
တရုတ်ရဲတပ်ဖွဲ့ဟာ သတင်းအရ ကုန်တင်ကားတစ်စီးကို စစ်ဆေးရာမှ ကုန်ပစ္စည်း အမျိုးအမည် ကြေညာထားတဲ့ ပစ္စည်းနဲ့ သယ်ဆောင်လာတဲ့ ပစ္စည်းဟာ ကွဲလွဲနေတယ်လို့ ယူဆရတာကြောင့် ကုန်ကားကို ဖွင့်ကြည့်ရာကနေ ထိတ်လန့်စရာကောင်းတဲ့ အဖြစ်နဲ့ တွေ့လိုက်ရတာပါ။
ကုန်ကားထဲမှာ မိကျောင်း အကောင်ရေ (၇၀)နဲ့ မိကျောင်းအမြီး (၈၈)ခုကို ရေခဲစိမ်ထားတာ တွေ့လိုက်ရတာပါ။ ဒီမိကျောင်းတွေဟာ ရေချိုမိကျောင်းမျိုးတွဖြေစ်ပြီး အာဆီယံနိုင်ငံတွေမှာပဲ တွေ့နိုင်တာ ဖြစ်ပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ ဒီလို ရေချိုမိကျောင်းတွေဟာလည်း စီးပွားရေးသမားတွေ ကူးသန်းရောင်းဝယ်နေတာကြောင့် လက်ရှိမှာတော့ မျိုးတုန်းရမယ့် အန္တရာယ်နဲ့ ကြုံနကြေရတာပါ။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; bectero.com , www.mirror.co.uk
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~