၂၀၁၆ - ၂၀၁၇ခုနှစ် ဘဏ္ဍာနှစ်အတွက် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် ဈေးပြိုင်လေလံ လျှောက်လွှာများ ခေါ်ယူ

၂၀၁၆ - ၂၀၁၇ခုနှစ် ဘဏ္ဍာနှစ်အတွက် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် ဈေးပြိုင်လေလံ လျှောက်လွှာများ ခေါ်ယူ
ဇန်နဝါရီ 20, 2016
By Tachileik News Agency

၂၀၁၆ - ၂၀၁၇ခုနှစ် ဘဏ္ဍာနှစ်အတွက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ်အခွင့်အရေး လိုင်စင်များကို ပထမအကြိမ် ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချမှုကို ဇန်န၀ါရီလ(၂၈)ရက်နေ့တွင် ပြုလုပ်ရန်အတွက် လေလံလျှောက်လွှာများကို လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် အောင်မြတ်ခန်းမ၌ ဇန်န၀ါရီလ(၂၈)ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် ကျင်းပပြုလုပ်မည့် အဆိုပါ လေလံကိစ္စနှင့် ပတ်သက်၍ လေလံလျှောက်လွှာများကို ဇန်န၀ါရီလ(၁၈)ရက်နေ့မှ ဇန်န၀ါရီလ(၂၇)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်ထိ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးတွင် လက်ခံနေပြီဖြစ်သည်။

ဈေးပြိုင်လေလံရောင်းချမှုတွင် လုပ်ငန်း (၁၇)ခု ပါဝင်ပြီး အပေါင်ဆိုင်(၁၁)ဆိုင်၊ ဘီးကောက်(၂)ခု၊ ဈေးကိစ္စနှင့် ပတ်သက်၍ (၄)ခု ဖြစ်ကြောင်း နှင့် လေလံကိစ္စများနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးသို့ လာရောက် ဆက်သွယ်မေးမြန်းနိုင်သည့်အပြင် ဖုန်းဖြင့်လည်း 084-51974 နှင့် 084-51035 သို့ ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~