ဧပြီလမှ စတင်၍ အိမ်၊ ခြံ၊ မြေ ပေါ်တွင် ကောက်ခံသည့် ၀င်ငွေခွန် အခွန်နှုန်းထားများ (၅)ဆခန့် တက်သွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှသိရသည်။
"အခု အိမ်၊ ခြံ၊ မြေနဲ့ အဆောက်အဦတွေဟာ လက်ရှိ ၀င်ငွေခွန်နှုန်းထက် (၅)ဆလောက် တက်သွားမှာပါ၊ ဒါ့ကြောင့် ဧပြီ(၁)ရက်နေ့မတိုင်ခင် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်တာဘဲဖြစ်ဖြစ်၊ တည်ဆောက်တာဘဲဖြစ်ဖြစ်၊ အမည်ပြောင်းတာဘဲ ဖြစ်ဖြစ် အခွန်ကိစ္စတွေကို သိဖို့ ကျွန်တော်တို့ ဌာနကို လာရောက် ဆက်သွယ်စေချင်တယ်.."ဟု တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇန်န၀ါရီလ (၁၅)ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် အစည်းအဝေး၌ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း အပိုဒ် (၂၄)အရ စည်းကြပ်မှုများ ပေါ်တွင် လွတ်ကင်းနေသည့် ၀င်ငွေခွန်ပေါ် ကောက်ခံသည့် အခွန်နှုန်းထားနှင့် ပတ်သက်၍ ကျပ် သိန်း(၃၀၀)အထိအား (၁၅%)နှင့် ကျပ်သိန်း(၃၀၀)မှ ကျပ်သိန်း(၁၀၀၀)ထိကို (၂၀%)ပေးဆောင်ရမည်ဖြစ်ပြီး ကျပ်သိန်း(၁၀၀၀)အထက်အား (၃၀%)အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
( unicode )
ဧပြီလမှ စတင်၍ အိမ်၊ ခြံ၊ မြေ ပေါ်တွင် ကောက်ခံသည့် ဝင်ငွေခွန် အခွန်နှုန်းထားများ (၅)ဆခန့် တက်သွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့ ပြည်တွင်းအခွန်များ ဦးစီးဌာနမှသိရသည်။
"အခု အိမ်၊ ခြံ၊ မြေနဲ့ အဆောက်အဦတွေဟာ လက်ရှိ ဝင်ငွေခွန်နှုန်းထက် (၅)ဆလောက် တက်သွားမှာပါ၊ ဒါ့ကြောင့် ဧပြီ(၁)ရက်နေ့မတိုင်ခင် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်တာဘဲဖြစ်ဖြစ်၊ တည်ဆောက်တာဘဲဖြစ်ဖြစ်၊ အမည်ပြောင်းတာဘဲ ဖြစ်ဖြစ် အခွန်ကိစ္စတွေကို သိဖို့ ကျွန်တော်တို့ ဌာနကို လာရောက် ဆက်သွယ်စေချင်တယ်.."ဟု တာချီလိတ်မြို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် အစည်းအေဝး၌ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒကြေမ်း အပိုဒ် (၂၄)အရ စည်းကြပ်မှုများ ပေါ်တွင် လွတ်ကင်းနေသည့် ဝင်ငွေခွန်ပေါ် ကောက်ခံသည့် အခွန်နှုန်းထားနှင့် ပတ်သက်၍ ကျပ် သိန်း(၃၀၀)အထိအား (၁၅%)နှင့် ကျပ်သိန်း(၃၀၀)မှ ကျပ်သိန်း(၁၀၀၀)ထိကို (၂၀%)ပေးဆောင်ရမည်ဖြစ်ပြီး ကျပ်သိန်း(၁၀၀၀)အထက်အား (၃၀%)အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
အိမ်၊ ခြံ၊ မြေ ပေါ်တွင် ကောက်ခံသည့် ဝင်ငွေခွန်မှာ ၂၀၁၆ ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် စတင် အသက်ဝင်မည်ဖြစ်ပြီး ယခု ကောက်ခံလျှက်ရှိသည့် ဝင်ငွေခွန်၏ (၅)ဆခန့် အခွန်နှုန်းထားများ တက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။