တာချီလိတ် စစ်ဗျူဟာမှူး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှ စစ်ကြောင်းကြီး (၅)ကြောင်း အသွင်ဖြင့် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း ကွင်းဆင်းကာ ဆေးကုသပေးရင်း (၄၉၇)ဦးအား မှတ်ပုံတင်ပြုလုပ်ပေး

တာချီလိတ် စစ်ဗျူဟာမှူး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှ စစ်ကြောင်းကြီး (၅)ကြောင်း အသွင်ဖြင့် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း ကွင်းဆင်းကာ ဆေးကုသပေးရင်း (၄၉၇)ဦးအား မှတ်ပုံတင်ပြုလုပ်ပေး
သြဂုတ် 26, 2014
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ကျေးရွာ(၅)ရွာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်လ၀ကမှူး ဒုတိယညွန်ကြားရေးမှူး ဦးကျော်စွာလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းဦးတို့ ဦးဆောင်သည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာရှိများ ပါဝင်သည့် နယ်မြေဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သည့် အဖွဲ့သည် စတုတ္တအကြိမ်မြောက်အဖြစ် ၂၀၁၄ခုနှစ် သြဂုတ်လ(၂၅)ရက် နှင့် သြဂုတ်လ(၂၆)ရက်တို့တွင် ရွာ(၅)ရွာ၌ တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဌာနမှ အဖွဲ့များ ပူးပေါင်းကာ ဆေးဝါးကုသပေးခြင်း နှင့် မှတ်ပုံတင်/အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းအပြင် စိုက်ပျိုးရေးနှင့်မွေးရေးလုပ်ငန်း ကိစ္စရပ်များအား ဆောင်ရွက်ခြင်း စသည့် လူမှုအကျိုးပြု လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ဦးဆောင်သည့် တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့ နှင့် မြို့နယ် ကျန်းမာရေးဌာနမှအဖွဲ့များ ပူးပေါင်းကာ  ဒေသခံ တိုင်းရင်းသားများဖြစ်သည့် အမျိုးသား(၇၅)ဦးနှင့် အမျိုးသမီး(၉၃)ဦးအပြင် ကလေးသူငယ်(၁၇)ဦး စုစုပေါင်း (၁၈၅)ဦးတို့ကို ကျန်းမာရေး စစ်ဆေးပေးခြင်း နှင့် ဆေးကုသပေးခြင်းအပြင် ဆေးဝါးများ ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တာချီလိတ်ခရိုင်လ၀ကမှူး ဒုတိယညွန်ကြားရေးမှူး ဦးကျော်စွာလွင်နှင့် မြို့နယ်လ၀က ဦးစီးမှူး ဦးသိန်းလွင် နှင့် အဖွဲ့သည် မိုးပွင့်အဆင့် (၆) စီမံချက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းအဖြစ် သြဂုတ်လ(၂၅/၂၆)နှစ်ရက်ပေါင်းတွင် အသက် (၁၀)နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင် ကျား(၄၉)ခု နှင့် မ(၈၁)ခု စုစုပေါင်း (၁၃၀)ခု နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင် ကျား(၁၁)ခု နှင့် မ(၈)ခု စုစုပေါင်း(၁၉)ခု၊ အမျိုးသားမှတ်ပုံတင် ကျား(၁၆၁)ခု နှင့် မ(၁၈၇)ခု စုစုပေါင်း (၃၄၈)ခုတို့ကို ဆောင်ရွက်ပေးပြီး မွေးတိုးအဖြစ် ကျား(၁၅၁)ဦး နှင့် မ(၄၇)ဦး စုစုပေါင်း (၁၉၈)ဦး၊ အိမ်ထောင်စု လဲလှယ်မိတ္တူအဖြစ် (၅၀)စု နှင့် အိမ်ထောင်စုအသစ် ထုတ်ပေးခြင်းအဖြစ် (၂၃၅)စု  စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းရေး အသိပညာပေးခြင်း၊ တာချီလိတ် လူကုန်တား ရဲတပ်ဖွဲ့မှ လူကုန်ကူးမှုတားဆီးရေး အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့နယ် အနီးရှိ ကျေးရွာများသို့ စစ်ကြောင်းကြီး(၅)ကြောင်း အသွင်ဖြင့် တပ်မတော်နှင့် ဌာနဆိုင်ရာများသည် ဒေသခံပြည်သူလူထု လိုအပ်ချက်များကို အမှန်တကယ်ဖြည့်စွမ်းပေးနိုင်မှုကြောင့် ဒေသခံ ပြည်သူလူထုမှာ ၀မ်းသာပီတိဖြစ် လျှက်ရှိပြီး စစ်ဗျူဟာမှူး ဦးဆောင်မှုဖြင့် မိုင်းဖုန်း(က/ခ) ကျေးရွာအတွင်းရှိ ကျန်ကျေးရွာများသို့လည်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသွားရန် စီမံထားရှိကြောင်း သိရသည်။

တပ်မတော်နှင်ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည် ထိရောက်သော လုပ်ဆောင်ချက် ဖြစ်သဖြင့် ကျေးလက်ဒေသဖွံဖြိုးရေး လုပ်ငန်းများတွင် များစွာ အထောက်အကူ ဖြစ်ပေါ်စေခြင်းကြောင့် ဒေသခံပြည်သူ လူထုအနေဖြင့် ယုံကြည်ကိုးစားမှုကို ရရှိလျက်ရှိကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
စစ်ကြောင်းကြီး (၅)ကြောင်း အသွင်ဖြင့် မိုင်းဖုန်း(က)ကျးရွာအုပ်စုအတ

27 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~