အဆိုပါ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ပြိုင်ပွဲ၌ တာချီလိတ်ခရိုင်ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ထိုက်ထိုက်တန်တန် ဆုများဆွတ်ခူးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း စသည်ဖြင့် ဂုဏ်ပြုစကားပြောကြားသည်။
ယင်းနောက် ဆုရအမျိုးသမီးအသင်း ဆုဖလားအား ပညာရေးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးအား မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှမှ လွှဲပြောင်းပေးအပ်ခြင်းနှင့် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှက ပထမဆုရ အမျိုးသမီးအသင်း နှင့် ဒုတိယဆုရ အမျိုးသားအသင်းတို့အား ဆုချီးမြှင့်ရာ ကာယနည်းပြ ဆရာ/မမှ လက်ခံရယူသည်။
ဆက်လက်၍ ဆုများရရှိသော အသင်းနှစ်သင်းအား ဂုဏ်ပြုသောအားဖြင့် ခရိုင်အဆင့်အကြီးအကဲများနှင့် လူမှုအဖွဲ့အစည်းများမှ အကြီးအကဲများ အပြင် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ဂုဏ်ပြုဆုငွေ အသီးသီးပေးအပ်ချီးမြှင့်ရာ အမျိုးသား/အမျိုးသမီး အသင်းခေါင်းဆောင် နှစ်ဦးမှ လက်ခံရယူရာ ဂုဏ်ပြုဆုငွေ စုစုပေါင်းမှာ ကျပ် ငါးသိန်းကျော် နှင့် ထိုင်းဘတ်ငွေ ၈၂၀၀ ဘတ် ရှိကြောင်း သိရသည်။
ပုံများကိုကြည့်ရန်