တာချီလိတ်မြို့တွင် ကမ္ဘောဇဘဏ်ခွဲ(၂)ကို မယ်ခေါင်ရပ်ကွက်တွင် ဖွင့်လှစ်မှာဖြစ်ပြီး အဆိုပါဘဏ်ခွဲတွင် ခန့်အပ်ရန်အတွက် ၀န်ထမ်းများအလိုရှိနေကြောင်း သိရှိရပါတယ်။
မယ်ခေါင်ရပ်ကွက်တွင် ဖွင့်လှစ်မည့် ဘဏ်ခွဲအတွက် ၀န်ထမ်းလျှောက်လွှာများကို တာလော့ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ(၁)မှာ အခမဲ့လာရောက် ရယူကာ လျှောက်ထားနိုင်မှာဖြစ်ပြီး လျှောက်လွှာများကိုတော့ ၂၀၁၃ခုနှစ် ဇန်န၀ါရီ(၁)ရက်နေ့မှ (၂၀)ရက်နေ့ထိ လာရောက်ရယူလျှောက်ထားနိုင်မှာဖြစ်ပါတယ်။
လျှောက်ထားနိုင်မည့် ရာထူးများမှာ
- အငယ်တန်းလက်ထောက်(စာရင်း)၊
- အငယ်တန်းလက်ထောက် (ငွေကြေး)၊
- ယာဉ်မောင်းအဆင့် ၂၊
- ရုံးအကူအဆင့် ၁၊
- ရုံးအကူအဆင့် ၂၊
- လုံခြုံရေး အဆင့် ၂၊
- သန့်ရှင်းရေး
စသည်တို့ ဖြစ်ကြောင်းသိရပါတယ်။
တာချီလိတ်မြို့ရှိ အလုပ်အကိုင်လိုအပ်နေသူများ ၀င်ရောက်လျှောက်နိုင်ပြီး လျှောက်လွှာအသေးအစိပ်ကို တာလော့ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ(၁)မှာ စုံစမ်းနိုင်ကြောင်း သိရပါတယ်။