MPT ၏ GSM , CDMA , WCDMA SIM Card မ်ားအား သံုးစြဲသူ၏ မွတ္ပံုတင္ျဖင့္ စာရင္းသြင္းျခင္းကို တာခ်ီလိတ္ၿမိဳ႕ရွိ MPT Own Branded Shop တြင္ အခမဲ့ ေဆာင္ရြက္ေပးလွ်က္ရွိရာ (၃)ရက္အတြင္း လာေရာက္စာရင္းေပးသြင္းသူ (၅၅)ဦးရွိၿပီ ျဖစ္ေၾကာင္း တာခ်ီလိတ္ ဆက္သြယ္ေရးမွ သိရသည္။
"(၃)ရက္အတြင္းကို (၅၅)ဦးရွိပါၿပီ၊ လာတဲ့ သူေတြထဲမွာ အခ်က္အလက္ မစံုလင္တာလည္းရွိေနတယ္၊ မွတ္ပံုတင္ မိတၱဴနဲ႔လက္ရွိ အသံုးျပဳေနတဲ့ MPT SIM Card ကို ယူလာရမွာပါ၊ တခ်ဳိ႕က ဖုန္းမယူလာဘဲ၊ မွတ္ပံုတင္ပဲ ယူလာၾကတယ္။ အသံုးျပဳေနတဲ့ ဖုန္းနံပါတ္နဲ႔ မွတ္ပံုတင္နဲ႔ တိုက္ဆိုင္စိစစ္ၿပီးမွ စာရင္း ျဖည့္ေပးတာပါ"ဟု ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္းမွ တာခ်ီလိတ္ၿမိဳ႕နယ္ တာဝန္ခံ အင္ဂ်င္နီယာ ေဒၚသန္းသန္းေဌးက ေျပာသည္။
Sim Card အမည္ေပါက္ လိမ္လည္မႈမ်ား မျဖစ္ေပၚေစရန္အတြက္ MPT SIM Card အသံုးျပဳသူမ်ား အေနျဖင့္ ယခုလို စာရင္းျဖည့္ရာတြင္ လက္ရွိ အသံုးျပဳေနေသာ MPT SIM Cardကို မွတ္ပုံတင္ မိတၱဴႏွင့္အတူ တပါတည္းယူေဆာင္လာမွာျဖစ္ေၾကာင္း သိရသည္။
"MPT SIM Card နဲ႔ ပတ္သက္ၿပီး စာခ်ဳပ္လက္ဝယ္ရွိၿပီး ပိုင္ရွင္အမွန္ဆိုရင္ေတာ့ အခုလို လုပ္စရာ မလုိပါဘူး၊ သူမ်ားနားက တဆင့္ျပန္ဝယ္ထားတာတို႔၊ စာခ်ဳပ္မရွိတာတို႔ဆိုရင္ မွတ္ပံုတင္မိတၱဴနဲ႔ လာလုပ္ဖို႔ လိုပါတယ္၊ ကြ်န္မတို႔ဘက္က အခမဲ့ ၀န္ေဆာင္မႈ ေပးေနပါတယ္" တာဝန္ခံ အင္ဂ်င္နီယာ ေဒၚသန္းသန္းေဌးက ေျပာသည္။
မိမိတို႔ သံုးစြဲေနသည့္ MPT SIM Card မ်ားကို မွတ္ပံုတင္ျဖင့္စာရင္းေပးထားျခင္းျဖင့္SIM Card ပ်က္စီးျခင္း၊ ေပ်ာက္ဆံုးျခင္းမ်ားအတြက္ ျပန္လည္ရရွိရန္ ျမန္မာ့ဆက္သြယ္ေရးရံုးမ်ားတြင္ အလြယ္တကူေလွ်ာက္ထားႏိုင္မွာ ျဖစ္ေၾကာင္း ႏွင့္ SIM Card ႏွင့္ ပတ္သက္၍ လိမ္လည္မႈမ်ားႏွင့္ မလိုလားအပ္သည့္ ကိစၥရပ္မ်ားအတြက္ ကာကြယ္မႈမ်ား ရွိေစေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ MPT SIM Card မ်ားကို မွတ္ပံုတင္ျဖင့္စာရင္းျဖည့္ေပးျခင္းအျဖစ္ တာခ်ီလိတ္ၿမိဳ႕ဆက္သြယ္ေရးရံုးေရွ႕ရွိ MPT Own Branded Shop တြင္ စေန၊ တနဂၤေႏြရံုးပိတ္ရက္မွ လြဲ၍ ရံုးဖြင့္ခ်ိန္မ်ားတြင္ ေဆာင္ရြက္ေပးေနလွ်က္ရွိေၾကာင္း သိရွိရသည္။
"(၃)ရက်အတွင်းကို (၅၅)ဦးရှိပါပြီ၊ လာတဲ့ သူတွေထဲမှာ အချက်အလက် မစုံလင်တာလည်းရှိနေတယ်၊ မှတ်ပုံတင် မိတ္တူနဲ့လက်ရှိ အသုံးပြုနေတဲ့ MPT SIM Card ကို ယူလာရမှာပါ၊ တချို့က ဖုန်းမယူလာဘဲ၊ မှတ်ပုံတင်ပဲ ယူလာကြတယ်။ အသုံးပြုနေတဲ့ ဖုန်းနံပါတ်နဲ့ မှတ်ပုံတင်နဲ့ တိုက်ဆိုင်စိစစ်ပြီးမှ စာရင်း ဖြည့်ပေးတာပါ"ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာချီလိတ်မြို့နယ် တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက ပြောသည်။
Sim Card အမည်ပေါက် လိမ်လည်မှုများ မဖြစ်ပေါ်စေရန်အတွက် MPT SIM Card အသုံးပြုသူများ အနဖြေင့် ယခုလို စာရင်းဖြည့်ရာတွင် လက်ရှိ အသုံးပြုနေသော MPT SIM Cardကို မှတ်ပုံတင် မိတ္တူနှင့်အတူ တပါတည်းယူဆောင်လာမှာဖြစ်ကြောင်း သိရသည်။
"MPT SIM Card နဲ့ ပတ်သက်ပြီး စာချုပ်လက်ဝယ်ရှိပြီး ပိုင်ရှင်အမှန်ဆိုရင်တော့ အခုလို လုပ်စရာ မလိုပါဘူး၊ သူများနားက တဆင့်ပြန်ဝယ်ထားတာတို့၊ စာချုပ်မရှိတာတို့ဆိုရင် မှတ်ပုံတင်မိတ္တူနဲ့ လာလုပ်ဖို့ လိုပါတယ်၊ ကျွန်မတို့ဘက်က အခမဲ့ ဝန်ဆောင်မှု ပေးနေပါတယ်" တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက ပြောသည်။
မိမိတို့ သုံးစွဲနေသည့် MPT SIM Card များကို မှတ်ပုံတင်ဖြင့်စာရင်းပေးထားခြင်းဖြင့်SIM Card ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းများအတွက် ပြန်လည်ရရှိရန် မြန်မာ့ဆက်သွယ်ရေးရုံးများတွင် အလွယ်တကူ လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း နှင့် SIM Card နှင့် ပတ်သက်၍ လိမ်လည်မှုများနှင့် မလိုလားအပ်သည့် ကိစ္စရပ်များအတွက် ကာကွယ်မှုများ ရှိစေကြောင်း သိရသည်။
တာချီလိတ်မြို့တွင် MPT SIM Card များကို မှတ်ပုံတင်ဖြင့်စာရင်းဖြည့်ပေးခြင်းအဖြစ် တာချီလိတ်မြို့ဆက်သွယ်ရေးရုံးရှေ့ရှိ MPT Own Branded Shop တွင် စနေ၊ တနင်္ဂေနွရုံးပိတ်ရက်မှ လွဲ၍ ရုံးဖွင့်ချိန်များတွင် ဆောင်ရွက်ပေးနေလျှက်ရှိကြောင်း သိရှိရသည်။