ဆီဆိုင်မြို့နယ်အတွင်းက အများပြည်သူအသုံးပြုနေသည့် တံတားတစင်းကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီး

ဆီဆိုင်မြို့နယ်အတွင်းက အများပြည်သူအသုံးပြုနေသည့် တံတားတစင်းကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့က ၂၀၂၄ခုနှစ် ဧပြီလ ၂၇ရက်နေ့ညတွင် မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAက သတင်းထုတ်ပြန်သည်။

ယမန်နေ့ည ၆ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းတံတားသို့ရောက်ရှိလာပြီး တံတားအား မိုင်းခွဲဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး ကားများသွားလာ၍မရတော့ဘဲ ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ယမန်နေ့တွင်ပင် စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ခြင်းကြောင့် ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆီဆိုင်မြို့နယ် နေရာသုံးခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်ကို မျက်မြင်တွေ့ခဲ့သည်ဟုလည်း PNLA၏ ထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency

Photo: PNLA News & Info