ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၂ ခုတိုက်ခိုက်ခံရပြီး စစ်သား ၂ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရ

ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၂ ခုတိုက်ခိုက်ခံရပြီး စစ်သား ၂ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရ

မကွေးတိုင်း ယောဒေသ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း  ၂ ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Yaw Revolution Army-YRA ထီးလင်းအဖွဲ့က ၂၀၂၄ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

ဧပြီလ ၂၆ ရက်နေ့ မနက် ၇ နာရီခန့်တွင် ထီးလင်းမြို့နယ်၊ ရေမျက်နီ နယ်မြေရဲကင်းစခန်းသို့ FW ဒရုန်းဖြင့် ၆၀ မမ နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခွဲခန့်တွင် FW ဒရုန်းဖြင့် ၆၀ မမနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဘန်ကာသို့ ပြေးသောစစ်ကောင်စီတပ်သားများအား အနီးကပ်အသင့်စောင့်နေသော YRA ရဲဘော်များမှ လက်နက်ငယ်၊ ၄၀ မမတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နာရီဝက်ကျော်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဧပြီလ ၂၅ ရက်နေ့ မနက် ၉ နာရီအချိန်တွင်လည်း ထီးလင်းမြို့နယ် ရွှေအောင်သာအထိုင်တပ်စခန်းကို ဒရုန်းဖြင့် ၆၀ မမဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားအင်အား ၅၀ ကျော်ရှိသည့် ရွှေအောင်သာအထိုင်စခန်းရှိ ဂိုထောင်မီးလောင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ  ၂၆ ရက်နေ့ မနက် ၇ နာရီအချိန်တွင် ထီးလင်းမြို့နယ် ရေမျက်နီနယ်မြေရဲကင်းစခန်းကို ဒရုန်းနဲ့ ၆၀ မမဗုံး ၂ လုံးကျဲချပြီးနောက် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှု နှစ်ကြိမ်အတွင်း YRA ရဲဘော်များ အထိအခိုက်မရှိ၊ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုထားသည်။

#TachileikNewsAgency