ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက ပအိုဝ်းဒေသခံ ၂ ဦးကို သေနတ်ဖြင့် ပစ်ခတ်ရာ ၁ ဦးသေဆုံး

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက ပအိုဝ်းဒေသခံ ၂ ဦးကို သေနတ်ဖြင့် ပစ်ခတ်ရာ ၁ ဦးသေဆုံး

ပအိုဝ်းဒေသ၊ ဆီဆိုင်-လွိုင်ကော်လမ်းမကြီးတနေရာ ဆီဆိုင်မြို့နယ် ပုံလောင်းကျေးရွာအနီးတွင် စစ်ကောင်စီက ပအိုဝ်းဒေသခံ ၂ ဦးကို သေနတ်ဖြင့် ပစ်ခတ်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ ၁၉ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်တွင် ဆီဆိုင်မြို့နယ် ဖြီတခေါ့ကျေးရွာမှ ဒေသခံနှစ်ဦးသည် ဆိုင်ကယ်ဖြင့် ခရီးသွားရာမှ ပုံလောင်းကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ထိပ်တိုက်တိုးမိသဖြင့် စစ်ကောင်စီက စစ်ဆေးမေးမြန်းခြင်းမရှိပဲ ပစ်ခတ်ရာ ရွာသား ၁ ဦးမှာ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးပြီး ကျန်ဒေသခံ ၁ဦးမှာ စစ်ကောင်စီပစ်ခတ်နေသည့်ကြားမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသူ၏ ရုပ်အလောင်းကို လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က ပြန်လည်သယ်ယူခွင့်မပြုသေးကြောင်း ထုတ်ပြန်ချက်အရသိရသည်။

#TachileikNewsAgency