မင်္ဂလာဒုံ လေတပ်အရာရှိလူပျိုဆောင်နှင့် ကြံခိုင်ရေးရုံးတို့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

မင်္ဂလာဒုံ လေတပ်အရာရှိလူပျိုဆောင်နှင့် ကြံခိုင်ရေးရုံးတို့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့၊ မင်္ဂလာဒုံ လေတပ်အရာရှိလူပျိုဆောင်နှင့် ကြံခိုင်ရေးရုံးတို့အား ၂၀၂၄ခုနှစ် ဧပြီလ (၁၈)ရက်နေ့ ည (၈)နာရီခန့်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့မှ သတင်းထုတ်ပြန်သည်။

Dark Shadow အဖွဲ့၏ Urban Freedom စစ်ဆင်ရေးအဖြစ် မင်္ဂလာဒုံရှိ လေတပ်အရာရှိလူပျိုဆောင်နှင့် ကြံခိုင်ရေးရုံးတို့အား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့သည်ဟု မြေပြင်ရဲဘော်များထံမှ ပြန်လည်ကြားသိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုဆောင်ရွက်ခဲ့သည့် ရဲဘော်များ နေရပ်သို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိပြီဖြစ်ကာ၊ မြို့ပြတွင်ရှိနေသည့် ပြည်သူကို ဖိနှိပ်အကြပ်ကိုင်နေသော စစ်ကောင်စီဘက်တော်သားများကို အမြစ်ပြတ်သည်အထိ ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ (၁၆)ရက်နေ့ကလည်း Dark Shadow အဖွဲ့သည် လှိုင်သာယာ (၅)ထိပ်အနီးရှိ ရဲစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency