မုန်းမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်တိုက်ခိုက်၊ သေဆုံးသူများထဲတွင် အင်ဂျင်နီယာတပ်နှင့် ရဲအများအပြားပါဝင်

မုန်းမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်တိုက်ခိုက်၊ သေဆုံးသူများထဲတွင် အင်ဂျင်နီယာတပ်နှင့် ရဲအများအပြားပါဝင်
ဇန်နဝါရီ 28, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း မုန်းမြို့နယ် အကြပ်အင်းရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်တို့ ပြီးခဲ့သည့် ဇန်နဝါရီလ (၂၂)ရက်နေ့က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံးကြောင်း KNUက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်က ဇန်နဝါရီလ (၂၂)ရက်နေ့ နံနက်(၅)နာရီခွဲမှ ညနေ(၅)နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၇၂)ဦး သေဆုံးကြောင်း KNUက သတင်းထုတ်ပြန်ထားသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်သား (၇၂)ဦးတွင် အင်ဂျင်နီယာတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များ အများဆုံးပါဝင်သည်ဟု သိရသည်။

မုန်းမြို့ကို KNLA ပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့က စတင်ပြီး သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

#TachileikNewsAgency