ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ရင်းမှ ထွက်ပြေးလာသည့် ရဲတပ်သားနှင့်မိသားစု ABSDFထံခိုလှုံ

ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ရင်းမှ ထွက်ပြေးလာသည့် ရဲတပ်သားနှင့်မိသားစု ABSDFထံခိုလှုံ

ရခိုင်ပြည်နယ် မောင်းတောမြို့နယ် အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ရင်း တပ်ခွဲ(၄)မှ ထွက်ပြေးလာသည့် ရဲတပ်သားတစ်ဦးနှင့် မိသားစုအား ABSDF   က ခိုလှုံခွင့်ပေးထားကြောင်း သိရသည်။

ထွက်ပြေးလာသူမှာ ရဲတပ်သား ချမ်းမြေ့အောင်ဆိုသူဖြစ်ပြီး စစ်ကောင်စီလက်အောက်၌ တာဝန်မထမ်းဆောင်လို၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ရခိုင်ပြည်နယ် မောင်းတောမြို့မှ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရန်ကုန်မြို့တွင် တိမ်းရှောင်နေထိုင်စဉ် ဒလန်မှ စစ်ကောင်စီထံသို့ သတင်းပေးခဲ့၍ ရဲ၊ စစ်တပ်က ပိတ်ဆို့ဖမ်းဆီးရာ အမျိုးသမီးဖြစ်သူ၊ (၈)လ သားအရွယ် ကလေးငယ်တို့နှင့်အတူ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့တွင် ABSDFထံ ဆက်သွယ်လာခဲ့၍ ၎င်းရဲတပ်သားနှင့်မိသားစုအား လုံခြုံစိတ်ချရသော လမ်းကြောင်းမှ ကယ်ထုတ်ခဲ့ပြီး ခိုလှုံခွင့်ပေးထားကြောင်း သိရသည်။

လက်ရှိအချိန်မှာ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ထားပြီး နေထိုင်စားသောက်ရေး ကိစ္စများ အဆင်ပြေရေး ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

#TachileikNewsAgency