မိုးကုတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KIAပူးပေါင်းတပ်များ တိုက်ပွဲလေးကြိမ်ဖြစ်

မိုးကုတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KIAပူးပေါင်းတပ်များ တိုက်ပွဲလေးကြိမ်ဖြစ်

မန္တလေးတိုင်း မိုးကုတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KIAပူးပေါင်းတပ်များ တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မိုးမိတ်ခရိုင် KPD တပ်ရင်းက ယနေ့ ဇူလိုင်လ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၃ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကချင်လွတ်မြောက်ရေးတပ်မတော် KIA(၃၄)တပ်ရင်း၊ မိုးမိတ်ခရိုင် KPDFတပ်ရင်းနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ  မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်ရဲစခန်းအား KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်များ တပ်စွဲထားသော မိုးကုတ်မြို့ ဗန်မွန်ကျေးရွာ မဏိသာရဘုန်းကြီးကျောင်းကို ပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ဇူလိုင်လ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် မိုးကုတ်မြို့ အနောက်ပိုင်းမှ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ကင်းတောရဘုန်းကြီးကျောင်းရှိ စစ်ကောင်စီတပ်သားများကို ပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ထို့နောက် ဇူလိုင်လ (၂၃)ရက်နေ့တွင် မိုးကုတ်မြို့ အနောက်ပိုင်းရှိ စစ်ကောင်စီ၏ ဂွေးပင်တပ်ကို ဇူလိုင်လ (၂၃)ရက်နေ့ ညနေပိုင်းတွင် ပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo :မိုးမိတ်ခရိုင် KPDF တပ်ရင်း