မန္တလေးတိုင်း၏ တရားလွှတ်တော် ဒုညွှန်မှူး သတ်ခံရသည့် အပြင် နေအိမ်ပါ မီးလောင်

မန္တလေးတိုင်း၏ တရားလွှတ်တော် ဒုညွှန်မှူး သတ်ခံရသည့် အပြင် နေအိမ်ပါ မီးလောင်

 မန္တလေးမြို့၏ အလယ်ပိုင်းရှိ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်တွင် Non CDM မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ဒေါ်လေးကြည် ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၁)ရက်၊ နံနက်(3)နာရီဝန်းကျင်အချိန်က သတ်ဖြတ်ခံရပြီး နေအိမ်လည်း မီးလောင်သွားကြောင်း သိရသည်။

ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ (၃၁)လမ်း၊ (၆၅)လမ်းနှင့် ၆၆ လမ်းကြားတွင်နေထိုင်သူ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လေးကြည်မှာ လည်ပင်းတွင် ဓားထိုးစိုက်နေပြီး ဘယ်ဘက်ပါးပြတ်ရှဒဏ်ရာ (၃)ချက်၊ ဘယ်နဖူးပြတ်ရှဒဏ်ရာ ( ၁ )ချက်တို့ဖြင့် သေဆုံးနေသည်ဟု သိရသည်။

ဒါအပြင် ၎င်းသတ်ဖြတ်ခံရခြင်းဖြစ်ပြီးနောက် ကုတင်၊ မွေ့ယာနှင့် အိမ်သုံးပစ္စည်းအချို့လည်း မီးလောင်ပျက်စီးနေသည်ကို တွေ့ရသည်ဟု သိရသည်။

မီးလောင်ရာသို့ မန္တလေး မီးသတ်တပ်ဖွဲ့က သွားရောက်ငြှိမ်းသတ်ရာ မီးမှာ နံနက်(၃)နာရီခွဲအချိန်တွင် မီးငြိမ်းသွားပြီးနောက် နေအိမ်အတွင်း၌ တရားလွှတ်တော် ဒုညွှန်မှူး အပါအဝင် သေဆုံးနေသည့် အိမ်အကူအမျိုးသမီး၏ အလောင်းကိုလည်းတွေ့ရပြီး အိမ်အကူအမျိုးသမီးမှာ မည်သည့်ဒဏ်ရာမျှ မရှိဘဲ မီးခိုးမွှန်ကာ သေဆုံးခြင်း ဖြစ်သည်ဟုလည်း သိရသည်။



၎င်းအား မည်သူက သတ်ဖြတ်သွားသည်ကိုမူ မသိရသေးပေ။