မုံရွာမြို့နယ်တွင် ပျူစောထီး အမျိုးသမီးခေါင်းဆောင်ပါဝင်သည့် အမျိုးသမီး (၃)ဦးအား ဖမ်းဆီး

မုံရွာမြို့နယ်တွင် ပျူစောထီး အမျိုးသမီးခေါင်းဆောင်ပါဝင်သည့် အမျိုးသမီး (၃)ဦးအား ဖမ်းဆီး

မုံရွာမြို့နယ်အတွင်း ကျေးရွာများကို မီးရှို့ဖျက်ဆီး၍ ပစ္စည်းများလုယူရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် တောပုပျူစောထီးရွာမှ ပျူအမျိုးသမီးခေါင်းဆောင်ပါဝင်သည့် ပျူစောထီး အမျိုးသမီး (၃)ဦးအား ဖမ်းဆီးရမိထားကြောင်း Area 71 People Defense Forceမှ ယနေ့  ၂၀၂၄ ခုနှစ် မေလ (၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပျူစောထီးအမျိုးသမီးသုံးဦးအနက် တစ်ဦးမှာ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် စစ်ဆေးရုံတွင် ကလေးဖြစ်သူ မိုင်းထိ၍ ခွဲစိတ်ကုသပြီးနောက် မေလ (၄)ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသားဖြစ်သူ၏ အကူအညီဖြင့်  မုံရွာ-မန္တလေးလိုင်းကားကို ချောဆွဲ၍ တောပုကျေးရွာသို့ ပြန်လာရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့သုံးဦးအား ဖမ်းဆီးရရှိပြီး စစ်ဆေးချက်များအရ ပျူအမျိုးသမီးခေါင်းဆောင်ဖြစ်သူနှင့် တစ်ဦးမှာ စစ်ကောင်စီစစ်ကြောင်းထိုးရာတွင် စစ်ကြောင်းနှင့်အတူလိုက်ပါ၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများ ထွက်ပြေးသွား၍ ကျန်ရှိသည့်ပစ္စည်းများကို ခိုးယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖမ်းဆီးရရှိထားသည့် ပျူစောထီးအမျိုးသမီး (၃)ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ဥပေဒေများအတိုင်း စနစ်တကျ ရုံးတင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Area 71 People Defense Force