မုံရွာ - ရေဦးလမ်းပိုင်းနှင့် ရွှေဘို - အရာတော် လမ်းပိုင်းတွင် ဘေးကင်းရေးအတွက် ဆန်စပါးကားများ ဖြတ်သန်းခြင်း ယာယီရပ်တန့်ထားကြရန် ဒီပဲယင်း PDF မေတ္တာရပ်ခံ

း မုံရွာ - ရေဦးလမ်းပိုင်းနှင့် ရွှေဘို - အရာတော် လမ်းပိုင်း
း မုံရွာ - ရေဦးလမ်းပိုင်းနှင့် ရွှေဘို - အရာတော် လမ်းပိုင်း
မုံရွာ - ရေဦးလမ်းပိုင်းနှင့် ရွှေဘို - အရာတော် လမ်းပိုင်းတွင် ဘေးကင်းရေးအတွက် ဆန်စပါးကားများ ဖြတ်သန်းခြင်း ယာယီရပ်တန့်ထားကြရန် ဒီပဲယင်း PDF မေတ္တာရပ်ခံ
ဖေဖော်ဝါရီ 19, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်းအတွင်း မုံရွာ - ရေဦးလမ်းပိုင်းနှင့် ရွှေဘို - အရာတော် လမ်းပိုင်းတို့တွင် ဆန်စပါးကားများ ဖြတ်သန်းခြင်းကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့မှစ၍ ယာယီရပ်တန့်ထားကြရန် ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူလူထုကို မေတ္တာရပ်ခံထားပြီး ဖြတ်သန်းရန် အဆင်ပြေသည့်နေ့ကို ပြန်လည်ထုတ်ပြန်ပေးမည်ဟု အသိပေးထားသည်ကို တွေ့ရသည်။

 

ဒီထုတ်ပြန်ချက်ဟာ ပြည်သူလူထုလုံခြုံရေးနဲ့ တော်လှန်ရေး အကျိုးစီးပွားအတွက် လိုအပ်ချက်အရ ထုတ်ပြန်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုကို အကျပ်အတည်း မကြုံရစေချင်ပါဘူး။ အခုလို အကျပ်အတည်းကာလမှာ ကိုယ့်စီးပွား ကိုယ်ရှာစားနေရတဲ့ ပြည်သူတွေကို ဒီလို တားမြစ် မေတ္တာရပ်ခံရတာလည်း အားနာပါတယ်။ အရေးကြီးကိစ္စမို့သာ ထုတ်ပြန်ရတာဖြစ်ပါတယ်။ လိုက်နာကြဖို့ ထပ်မံသတိပေး တိုက်တွန်းလိုပါတယ်။ ဒီနေ့ဆိုရင် ပြည်သူ့ကားတွေ ထိခိုက်လုနီးပါး ဖြစ်သွားရတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ထပ်မံမေတ္တာရပ်ခံပါတယ်။

ဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့တွင် ထပ်မံအသိပေးထားသည်ကို တွေ့ရသည်။

ယင်းအပြင် ကားပိုင်၊ ထော်လာဂျီပိုင် အစရှိသည့် လုပ်ငန်းရှင်များနှင့် ယာဉ်မောင်းလုပ်သားများအနေဖြင့်လည်း အာဏာသိမ်း စစ်ကောင်စီတပ်၏ ပစ္စည်းများကို သယ်ဆောင်ပေးခြင်းမပြုကြရန်နှင့် မလွှဲသာမရှောင်သာ သယ်ယူပို့ဆောင်ခြင်းများ ပြုလုပ်ပေးရပါကလည်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်သတင်းပေးပို့ကြရန် တိုက်တွန်းထားသည်။

ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် တန်စိုးလက်ဆောင်နှင့် လမ်းကြေး၊ ဆက်ကြေး အသွင်ဆောင်သည့် လှူဒါန်းငွေများကို လက်မခံကြောင်းနှင့်  တော်လှန်ရေးလုပ်ငန်းစဥ်များဆောင်ရွက်ရာတွင် အရပ်သား ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ထည့်သွင်းစဥ်းစားစီစဥ်ဆောင်ရွက်ပါသည်ဟု အများပြည်သူကို အသိပေးထားသည်ကိုလည်း တွေ့ရသည်။