ဝမ်းတွင်းမြို့နယ် ခံတောကျေးရွာအုပ်စုအတွင်းက Mytel တာဝါတိုင်များကို ဒေသကာကွယ်ရေးအဖွဲ့က ဖောက်ခွဲ ဖျက်ဆီး

ဝမ်းတွင်းမြို့နယ် ခံတောကျေးရွာအုပ်စုအတွင်းက Mytel တာဝါတိုင်များကို ဒေသကာကွယ်ရေးအဖွဲ့က ဖောက်ခွဲ ဖျက်ဆီး
ဒီဇင်ဘာ 12, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ခံတောကျေးရွာအုပ်စုအတွင်းရှိ အာဏာသိမ်းစစ်တပ်၏  စီးပွားရေးဒေါက်တိုင်တစ်ခုဖြစ်သည့် Mytel တာဝါတိုင် (၂)တိုင် နှင့် စက်အား ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးအင်အားစု(WTRF)  ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း သိရသည်။

ခံတောကျေးရွာအုပ်စုအတွင်းရှိ Mytel တာဝါတိုင် (၂)တိုင်နှင့် Box များကို ပြန်လည်အသုံးပြု၍ မရအောင်အထိ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်အစောပိုင်းက ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရှိသည်။

Wundwin Township Revolution Force ( WTRF )က ဒီဇင်ဘာလ(၁၁)ရက်နေ့ကလည်း တစ်နေ့တည်း ပျူစောထီး စစ်သင်တန်းဆင်း (၁)ဦး နှင့် ပျူစောထီးအဖွဲ့အား ငွေကြေးထောက်ပံ့သူ (၁)ဦး စုစုပေါင်း (၂)ဦးတို့ကိုလည်း ရှင်လင်းခဲ့ကြောင်းလည်း သိရသည်။ 

 

ဆက်စပ်သတင်း