ဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စစ်သုံပန်း အရာရှိ (၂)ဦးက ဘာတွေ ပြောထားလဲ

ရခိုင်ပြည်နယ်အတွင်း မင်းပြားမြိုရှိ မင်းဖူးဆေးရုံကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင် အာဏာသိမ်းစစ်တပ်က ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ဖျက်အားပြင်းဗုံးများကို အသုံးပြုကာ လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ၎င်းဆေးရုံတွင် ဆေးကုသမှုခံယူဖူးပြီး ယခုအချိန်တွင် ပြန်လည် ကျန်းမာလာသော စစ်သုံပန်းများဖြစ်သည့် ခ.လ.ရ (၂၉၉)တပ်ရင်းမှ ဗိုလ်မှူး ဇော်လင်းထွန်း နှင့် ဒုဗိုလ်မှူးကြီးနေလင်းထွန်းတို၏ ပြောကြားချက်ကို ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင် ထုတ်ပြန်လာသည်။