ကမ္မမြို့ပေါ်ရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

 မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်း ကမ္မမြို့ပေါ်ရှိ ရဲစခန်းနှင့် စစ်ကောင်စီဌာနဆိုင်ရာရုံးများကို ဒေသကာကွယ် ရေးတပ်ဖွဲ့များပူးပေါင်းက   ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့ ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ကမ္မမြို့ရဲစခန်းနှင့် စစ်ကောင်စီဌာနဆိုင်ရာရုံးများကို ဒေသကာကွယ်ရေးတပ်ဖွဲ့ (၂၀)ဝန်းကျင်ပူးပေါင်း၍ (၁)နာရီကျော်ကြာ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီဌာနဆိုင်ရာရုံးများနှင့် ရဲစခန်းရှေ့ရှိ ဘန်ကာ များကိုဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ပခုက္ကူမြို့ရှိ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ စစ်ကူများနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များက ပစ်ကူပေးလာခြင်းကြောင့် တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွါခဲ့ကြသည်ဟု သိရသည်။

တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တပ်ခွဲ (၁)၊ ပခုက္ကူခရိုင်တပ်ရင်း(၁၃)၊ အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Pakokku People Defense Force၊ Pakokku Young Force U.G၊ Pakokku Guerrila Force၊ Thu Rain Pakokku၊ PKU Ranger၊ PKU Underground၊ MRG၊ Royal 7 မြိုင်၊ BLY ပြောက်ကျားတပ်ဖွဲ့၊ တော်ဝင်ကျားပေါက်၊ YGF ပေါက်၊ ဧရာအနောက်ပခုက္ကူ၊ MRDF မြိုင်နှင့် Pakokku Special Task Force တို့အပြင် ပခုက္ကူ၊ မြိုင်၊ ပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့များလည်း ပါဝင် ခဲ့သည်ဟု သိရသည်။

 

Video: ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ