မုံရွာချင်းတွင်းတံတား ရွှေတောင်ဦးကုန်းတွင် ဂိတ်ဖွင့်ငွေကြေးကောက်ခံနေသည့် ရဲများပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာချင်းတွင်းတံတားအနောက်ဘက်အနီးရှိ ရွှေတောင်ဦးကုန်းတွင် ဂိတ်ဖွင့်ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ် လက်အောက်ခံ ရဲတပ်သား(၈)ဦးဝန်းကျင်ကို ယမန်နေ့ ၂၀၂၃ခုနှစ်၊ သြဂုတ်လ (၄)ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ရဲ(၃)ဦးသေကာ ဒဏ်ရာရသူများရှိပြီး ရဲများဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် MRDA မုံရွာတပ်ခွဲ(၁)မှ ပြည်သူ့ရဲဘော်တစ်ဦး မေးတွင်ကျည်ရှပ်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

   

ရဲတပ်သားများ ဆက်ကြေးကောက်နေသော နေရာအနီးတွင် စစ်ကောင်စီနှင့် ရဲတပ်သားများရှိသော ချင်းတွင်းတံတားဂိတ်၊ မုံရွာကွန်ပျူတာတက္ကသိုလ်၊ သီတဂူဓမ္မရိပ်သာ၊ ရဲကင်း(၂)ခုနှင့် ရဲတပ်ရင်းအမှတ်(၂၈)တို့ရှိကြောင်း သိရသည်။

တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် မုံရွာတပ်ခွဲ (၁)၊ ယက္ခညီနောင်ပြောက်ကျားတပ်ဖွဲ့၊ Black Lion Force(Monywa) မဟာမိတ်(၃)ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : Myanmar's Royal Dragon Army -MRDA