ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ကူးတံတားပေါ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့်ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင်ကျေးရွာ စစ်တောင်းမြစ်ကူးတံတားပေါရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းPDFထံမှ သိရသည်။

အင်အား (၅၀)ခန့်ရှိသည့် အဆိုပါစစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ညနေ (၃)နာရီထိုးသည်အထိ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ပဲခူးတိုင်း PDF က ယနေ့ ဇူလိုင်လ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ယင်းသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် တောင်သာကျေးရွာမှ နေအိမ်(၁)လုံးနှင့် အခြားကျေးရွာများမှ နေအိမ်(စိစစ်ဆဲ)များလည်း ထိမှန်ခဲ့သည်ဟု သိရသည်။

အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄၊ တပ်ခွဲ၆၊ ရေတာရှည်မြို့နယ် ပကဖ နှင့် ပူးပေါင်းစစ်ကြောင်းတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : Bago Region PDF