ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ABSDFပူးပေါင်းတပ်များက တိုက်ခိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာ ပျူစောထီးစခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းကို ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် ABSDFပူးပေါင်း PDFတပ်ဖွဲ့များက မိုင်းခွဲ၍ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး ဗိုလ်ကြီးမင်းမြတ်သူ ဦးဆောင်သော ခ.လ.ရ (၇၀၄)တပ်ရင်းနှင့် ပျူစောထီးများကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ချင်းတွင်းဒေသတပ်ရင်းနှင့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုလဲ ပ.က.ဖ)တို့ ပူးပေါင်း၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းကို မင်းတိုင်ပင်ကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာကြားတွင် ABSDF နှင့် PDF များက မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိနိုင်သည်ဟု ABSDF Column 3က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Video : ABSDF Column-3