ကယားပြည်နယ်အတွင်း ဒေါတဟေးကျေးရွာအနီး တောထဲက အာဏာသိမ်းစစ်ကောင်စီတပ် နှင့်  KA/KNDF တို့ရဲ့ တိုက်ပွဲ

 ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်လင်လေးမြို့နယ်အတွင်း ကွန်နားကျေးရွာ နှင့် ဒေါတဟေးကျေးရွာအနီးတွင် ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်အား KA ၊ KNDF တို့မှ ပြန်လည်ခုခံတိုက်ခိုက်သည့် ၂၀၂၁ခုနှစ် ဩဂုတ်လ(၃၁)ရက်နေ့က ဗီဒီယိုမှတ်တမ်းဖြစ်ပါသည်။

၂၀၂၁ခုနှစ် ဩဂုတ်လ(၃၁)ရက်နေ့က  KA ၊ KNDF ပူးပေါင်းအဖွဲ့ နှင့် အာဏာသိမ်းစစ်ကောင်စီတပ်အကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် KA ၊ KNDF ပူးပေါင်းအဖွဲ့ဘက်က အသေးစားဒဏ်ရာသာ ရရှိခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဘက်က ထိခိုက်များရှိသော်လည်း အရေအတွက်ကို မသိရကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များသည် ဩဂုတ်လ တစ်လလုံးအပြင် စက်တင်ဘာလ၏ အစနေ့များအထိ အင်အားတိုးချဲ့ပြီး စစ်ဆင်ရေးများ ပြုလုပ်နေလျက်ရှိသည့်အတွက် အနီးအနားရွာများရှိ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

 

Video: Phoe Thaike