တာချီလိတ်မြို့မှ တရုတ်နိုင်ငံသားအချင်းချင်း အကြွေးကိစ္စကြောင့် ဓါးဖြင့်ထိုးကာ ဖမ်းဆီးခေါ်ဆောင်သွားသူများကို ဖမ်းဆီးရမိ

တာချီလိတ်မြို့မှ တရုတ်နိုင်ငံသားအချင်းချင်း အကြွေးကိစ္စကြောင့် ဓါးဖြင့်ထိုးကာ ဖမ်းဆီးခေါ်ဆောင်သွားသူများကို ဖမ်းဆီးရမိ
နိုဝင်ဘာ 15, 2020
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့မှာ တရုတ်နိုင်ငံသားတစ်ဦးကို ဓါးနဲ့ထိုးပြီး ကားပေါ်တင်ခေါ်သွားတဲ့ ဖြစ်စဉ်တစ်ခု ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့ ညနေ(၃)နာရီကျော်က ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့က နိုဝင်ဘာလ(၁၄)ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးရမိရာမှာ အဓိက ဖြစ်စဉ်ကတော့ တရုတ်နိုင်ငံသားအချင်းချင်း ငွေကြေးကိစ္စကြောင့် ဖြစ်တာလို့ သိရပါတယ်။
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရပ်ကွက်အတွင်းမှာ နိုဝင်ဘာလ (၁၁)ရက်နေ့ ညနေ(၃)နာရီခွဲကျော်က တရုတ်နိုင်ငံသားတစ်ဦးကို ဓားနဲ့ထိုးပြီး ကားပေါ်တင် ဖမ်းဆီးသွားမှုနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်က သတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့က သိရှိသွားပြီးတဲ့နောက်မှာ CCTV မှတ်တမ်းအကူအညီနဲ့ စုံစမ်းဖေါ်ထုတ်ရာကနေ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားအပြင် ပြစ်မှုကျူးလွန်တဲ့ တရုတ်နိုင်ငံသား (၃)ဦးနဲ့ ပါဝင်ပတ်သတ်သူမြန်မာနိုင်ငံသား (၃)ဦး စုစုပေါင်း (၆)ဦးကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေးက အခုလို ရှင်းပြပါတယ်။
ဖမ်းဆီးရမိထားသူများကို တာချီလိတ်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၃၄၈/၁၁၄ အပြင် လဝကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) အပါအဝင် လိုင်စင်မဲ့ကားမောင်းနင်းမှုအဖြစ် ပို့သွင်း(၈)တို့နဲ့ အမှုဖွင့်စစ်ဆေးနေပြီး အမှုမှာ အခြားပါဝင်ပတ်သက်သူများ ရှိ/မရှိကိုလည်း ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Tachileik News Agency
သတင်း/တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ချယ်ရီထိုက်၊ ဟန်စိုးထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~