မကွေးတိုင်းအတွင်း ပျူရှေးဟောင်းပစ္စည်း ဝင်ရောက်တူးဖေါ်သူများက ရဲတပ်ဖွဲ့ဝင်များကို လေးဂွဖြင့် ဝိုင်းပစ်၍ သေနတ် မိုးပေါ်ထောင်ကာ ပစ်ဖေါက်ခြောက်လှန့်

မကွေးတိုင်းအတွင်း ပျူရှေးဟောင်းပစ္စည်း ဝင်ရောက်တူးဖေါ်သူများက ရဲတပ်ဖွဲ့ဝင်များကို လေးဂွဖြင့် ဝိုင်းပစ်၍ သေနတ် မိုးပေါ်ထောင်ကာ ပစ်ဖေါက်ခြောက်လှန့်
အောက်တိုဘာ 11, 2020
By Tachileik News Agency
မကွေးတိုင်းအတွင်း ပျူရှေးဟောင်းပစ္စည်း ဝင်ရောက်တူးဖေါ်သူများက ရဲတပ်ဖွဲ့ဝင်များကို လေးဂွဖြင့် ဝိုင်းပစ်၍ သေနတ် မိုးပေါ်ထောင်ကာ ပစ်ဖေါက်ခြောက်လှန့်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မကျီးပင်ကျေးရွာမှ တောင်သူ ဦးအောင်မိုး၏ ယာမြေအတွင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့က လူဦးရေ (၃၀၀) ဝန်းကျင်ဖြင့် ရှေးဟောင်းပစ္စည်းများ တူးဖေါ်ရှာဖွေနေ၍ သွားရောက်တားဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို လေးဂွဖြင့်ဝိုင်းဝန်းပစ်ခတ်၍ သေနတ်ပစ်ဖေါက်ခြောက်လှန့်ကာ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“လူ (၃၀၀) လောက်က ဝိုင်းလိုက်ပြီး လောက်လေးဂွတွေနဲ့ ပစ်ကြတာကြောင့် တားမြစ်ထိန်းသိမ်းနိုင်ဖို့ ခြောက်လှန့်တဲ့ အနေနဲ့ သေနတ်မိုးပေါ် ထောင်ပစ်ဖောက်ခဲ့တာကိုပဲ မရဘူး။ ဝိုင်းလိုက်ပစ်နေလို့ အလွန် အကျွံမဖြစ်စေဖို့အတွက် ရဲတပ်ဖွဲ့က ပြန်ဆုတ်လာရပါတယ်” ဟု မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီး စိုးမင်းသန့်က တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာ(၁၁)ရက်နေ့တွင် ပြောသည်။
တောင်သူ ဦးအောင်မိုး၏ ယာမြေအတွင်း ရှေးဟောင်းပစ္စည်းများတွေ့သည်ဟုဆိုကာ လူရာနှင့်ချီ၍ ဝင်ရောက်တူးဖေါ်နေကြကြောင်း ရဲတပ်ဖွဲ့ကသတင်းရသဖြင့် အောက်တိုဘာလ (၁၀) ရက်နေ့၊ ည (၉) နာရီ မိနစ် (၂၀) ဝန်းကျင်တွင် မင်းဘူးမြို့မရဲတပ်ဖွဲ့နှင့် ခရိုင်မှု/ကူနှိမ်နင်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ သွားရောက်တားဆီးရာ ဓာတ်မီးများအသုံးပြု၍ ယာမြေအတွင်းတူးနေသူများထဲမှ အချို့က လေးဂွများဖြင့် ဝိုင်းဝန်းပစ်ခတ်သဖြင့် သေနတ် (၇) ချက်ပစ်ခတ်ခြောက်လှန့်ခဲ့ရကြောင်း သိရသည်။
ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိသွားပြီး မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့ရကြောင်း သိရသည်။
ယာမြေပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တူးဖေါ်ခြင်း၊ ရှေးဟောင်းပစ္စည်းများအား တူးဖေါ်ခြင်း၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား နှောင့်ယှက်ခြင်းများနှင့်ပတ်သက်၍  ဝင်ရောက်တူးဖေါ်သူများနှင့် လာရောက်တားဆီးသည့် တာဝန်ရှိသူများကို နှောင့်ယှက်သူများအား မင်းဘူးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
ယာမြေဖျက်ဆီးခံရ၍ အရေးယူပေးရန် ယာမြေပိုင်ရှင်၏ တိုင်ကြားချက်ကို မင်းဘူးမြို့မရဲစခန်းတွင် (ပ) ၆၇၂/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇/၄၂၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
အခင်းဖြစ်နေရာတွင်တူးဖော်ထားသော မြေကျင်းများအတွင်းမှ ရှေးဟောင်း ပျူလူမျိုးတို့၏ ပစ္စည်းဟု ယူဆရသော အိုးကြမ်းပဲ့အပိုင်းအစများ၊ လူရိုးဟုယူဆရသော အရိုးအပိုင်းအစများနှင့် မြေအိုးတို့ကိုတွေ့ ရှိ သိမ်းဆည်းခဲ့ကြောင်း သိရပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနဦးစီးဌာန မကွေးတိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းကလည်း ရှေးဟောင်းပစ္စည်းများ ကာကွယ်ထိန်း သိမ်းရေးဥပဒေ၊ နည်းဥပဒေများအရ ရှေးဟောင်းပစ္စည်းများကို ရေရှည်ဆက်လက်ထိန်းသိမ်းကာ ကွယ်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ရှေး/သုရုံးချုပ်သို့ တင်ပြဆောင်ရွက်သွားမည်ဟု ပြောကြားသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ရဲစခန်း၊ ကိုရဲ

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~