ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှ ရှမ်း(အရှေ့)ပုံပါကျင်မြို့သို့ ရောက်ရှိလာသည့် ရဲဝန်ထမ်း မိသားစု နှင့် ကားအတူစီးလာသူများကို Covid-19 ဓါတ်ခွဲနမူနာ ရယူထား

ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှ ရှမ်း(အရှေ့)ပုံပါကျင်မြို့သို့ ရောက်ရှိလာသည့် ရဲဝန်ထမ်း မိသားစု နှင့် ကားအတူစီးလာသူများကို Covid-19 ဓါတ်ခွဲနမူနာ ရယူထား
သြဂုတ် 28, 2020
By Tachileik News Agency
ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှ ရှမ်း(အရှေ့)ပုံပါကျင်မြို့သို့ ရောက်ရှိလာသည့် ရဲဝန်ထမ်း မိသားစု နှင့် ကားအတူစီးလာသူများကို Covid-19 ဓါတ်ခွဲနမူနာ ရယူထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပုံပါကျင်မြို့တွင် ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့တာဝန်ကျသည့် ရဲဝန်ထမ်း မိသားစုအပြင် ၎င်းတို့နှင့်အတူ ကားစီးလာသူများကိုပါ Quarantine ထားရှိကာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်နေ့၌ ဓာတ်ခွဲနမူနာ ရယူထားကြောင်း သိရသည်။
"ဓာတ်ခွဲနမူနာတွေကို မနက်ဖြန် မိုင်းတုံကနေ ကျိုင်းတုံကို ပို့မယ်။ ပုံပါကျင်နဲ့ နားကောင်းမူက စုစုပေါင်း (၆)ယောက်ပေါ့။ သူတို့က မောင်တောကနေ (၅)ရက်နေ့ကတည်းက ထွက်လာတယ်လို့ ပြောတယ်။  အားလုံးကို Home Quarantine ထားတယ်။ ရခိုင်ကနေ လာတယ်ဆိုရင် Quarantine ထားပြီး ဓာတ်ခွဲစစ်ဆေးဖို့ ကျွန်တော်တို့ဆီကို စာဝင်ထားတယ်"ဟု မိုင်းတုံပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၂၈)ရက်နေ့တွင် ပြောသည်။
အဆိုပါ ရဲဝန်ထမ်းမိသားစု (၃)ဦးသည် တာဝန်ကျရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့သို့ လာရောက်ရန် ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ  သြဂုတ်လ (၅)ရက်နေ့၌ ထွက်လာကြခြင်းဖြစ်သော်လည်း ပုံပါကျင်သို့ သြဂုတ်လ (၂၇)ရက်နေ့ကမှ ရောက်ရှိလာ၍  Quarantine ထားရှိကြောင်း သိရသည်။ 
အဆိုပါ ရဲဝန်ထမ်းမိသားစု(၃)ဦး မိုင်းတုံမှတစ်ဆင့် ပုံပါကျင်သို့ စီးနင်းလာသည့် မော်တော်ယာဉ်မှ ယာဉ်မောင်းနှင့် နားကောင်းမူမှ ခရီးသည်(၂)ဦးတို့ကိုပါ Quarantine ထားရှိခြင်း ဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~