တာချီလိတ်မြို့၏ မတ်လ(၂၁)ရက်နေ့ မီးခိုးမြူဖုံးလွှမ်းမှု အခြေအနေမှာ မနေ့ကထက် လျော့ကျသွားသော်လည်း လေထုညစ်ညမ်းမှု နီညိုရောင်အဆင့်မှာ ရှိနေ

တာချီလိတ်မြို့၏ မတ်လ(၂၁)ရက်နေ့ မီးခိုးမြူဖုံးလွှမ်းမှု အခြေအနေမှာ မနေ့ကထက် လျော့ကျသွားသော်လည်း လေထုညစ်ညမ်းမှု နီညိုရောင်အဆင့်မှာ ရှိနေ
မတ် 21, 2020
By Tachileik News Agency

တာချီလိတ်မြို့၏ မတ်လ(၂၁)ရက်နေ့ မီးခိုးမြူဖုံးလွှမ်းမှု အခြေအနေမှာ မနေ့ကထက် လျော့ကျသွားသော်လည်း လေထုညစ်ညမ်းမှု နီညိုရောင်အဆင့်မှာ ရှိနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်တွင် မီးခိုးမြူ ဖုံးလွှမ်းမှု၏ မတ်လ (၂၁)ရက်နေ့ အခြေအနေမှာ မတ်လ (၂၀)ရက်နေ့ထက် လျော့နည်း လာသော်လည်း လေထုအတွင်း အမှုန်အမွှားပါဝင်မှု များပြားနေသည့်အတွက် လေထုညစ်ညမ်းမှု နီညိုရောင် အဆင့်ရှိနေသေးကြောင်း သိရသည်။

တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လေထုအရည်အသွေး တိုင်းတာချက်မှာ မတ်လ (၂၀)ရက်နေ့ နံနက်(၉)နာရီမှ မတ်လ (၂၁)ရက်နေ့ နံနက်(၉)နာရီအချိန်အထိ (၂၄)နာရီအတွင်း တိုင်းတာချက်မှာ အမှုန်ပါဝင်မှု များပြားနေသည်ကို တွေ့ရသည့်အတွက် အသက်ရှုကျပ်ခြင်း၊ မျက်စိစပ်ခြင်းများ မဖြစ်ပေါ်စေရန် ဂရုစိုက်ဖို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

 မီးခိုးမြူဖုံးလွှမ်းမှုများသည် ယခု ၂၀၂၀ခုနှစ်ကစ၍ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ၂၀၁၄ခုနှစ်က စ၍ နှစ်စဉ် နွေရာသီကာလများတွင် သိသိသာသာ ဖုံးလွှမ်းလာခြင်းဖြစ်ပြီး အဆိုးဝါးဆုံး မီးခိုးမြူဖုံးလွှမ်းမှုသည် ၂၀၁၉ခုနှစ်ကလည်း ဖြစ်ပေါ်ခဲ့သည်။

Tachileik News Agency
သတင်/ဓါတ်ပုံ  - ကျော်ဇင်ဟိန်း

ဆက်စပ်သတင်း
တာချီလိတ်၏ မီးခိုးမြူဖုံးလွှမ်းမှု လေထုခြေအနေမှာ မတ်လ(၂၀)ရက်နေ့တွင် နီညိုရောင် အဆင့်ရောက်ရှိ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~