မင်းဘူး - အမ်း - စစ်တွေကားလမ်းတွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက် တိမ်းမှောက်ရာမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ သေဆုံး

မင်းဘူး - အမ်း - စစ်တွေကားလမ်းတွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက် တိမ်းမှောက်ရာမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ သေဆုံး
နိုဝင်ဘာ 26, 2019
By Tachileik News Agency

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ၊ ပေါလူကွေ့၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက် ည(၈)နာရီ ဝန်းကျင်က ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်သဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ သေဆုံးသွားသည်။

မင်းဘူး - အမ်း - စစ်တွေကားလမ်းအတိုင်း အမ်းဘက်မှ ပဒါန်းဘက်သို့ ယာဉ်မောင်း ကိုငွေနိုင်မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကိုဇော်မင်းထွေး လိုက်ပါလာသည့် NISSIAN CONDOR CM 87 KA အမျိုးအစား (၆)ဘီး ကုန်တင်ယာဉ်မှာ နိုဝင်ဘာလ (၂၅)ရက်နေ့ ည (၈)နာရီခွဲအချိန်ခန့်တွင် ပေါလူကွေ့သို့ ရောက်ရှိစဉ် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်း၏ ဝဲဘက်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ ပဒါန်းတိုက်နယ်ဆေးရုံအရောက်တွင် သေဆုံးပြီး ယာဉ်နောက်လိုက်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

အဆိုယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ သေဆုံးသွားသည့် ယာဉ်မောင်း ကိုငွေနိုင်ကို ငဖဲမြို့နယ်၊ ပဒါန်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၁၂/၂၀၁၉၊ ရာ ဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ရဲစခန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net