မေကြးတြင္ ၿခိမ္းေျခာက္မႈ၊ လုယက္မႈႏွင့္ ဓားထိုးမႈမ်ားမွ တိမ္းေရွာင္ေနသူ (၂)ဦးကို မိသားစုက ရဲစခန္းသို႔အပ္ႏွံ

မေကြးတြင္ ၿခိမ္းေျခာက္မႈ၊ လုယက္မႈႏွင့္ ဓားထိုးမႈမ်ားမွ တိမ္းေရွာင္ေနသူ (၂)ဦးကို မိသားစုက ရဲစခန္းသို႔အပ္ႏွံ
စက်တင်ဘာ 19, 2019
By Tachileik News Agency

မေကြးၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၆)ရက္ေန႔က ၿခိမ္းေျခာက္လုယက္ဓါးထိုးမႈ က်ဴးလြန္ခဲ့သည့္ လူငယ္ (၄)ဦးအနက္ ထြက္ေျပးေနသူ (၂)ဦးကို စက္တင္ဘာလ (၁၈) ရက္ေန႔ ညေနပိုင္းတြင္ ၎တို႔၏ မိသားစုမ်ားက ရဲစခန္းသို႔ လာေရာက္အပ္ႏွံေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ အေနနဲ႔ စံုစမ္းေထာက္လွမ္းေရး နည္းလမ္းနဲ႔ ပိတ္ဆို႔ရွာေဖြေရးေတြ ျပဳလုပ္ေနတဲ့အျပင္ ထြက္ေျပးေနသူေတြရဲ႕ မိသားစုဝင္ေတြကို စည္းရံုးေရးနည္းလမ္းနဲ႔လည္း ခ်ဥ္းကပ္ေဆာင္ရြက္ႏိုင္ခဲ့တာေၾကာင့္ မိသားစုက ကၽြန္ေတာ္တို႔နဲ႔ပူးေပါင္းၿပီး အခုလို လာေရာက္ အပ္ႏွံခဲ့တာျဖစ္ပါတယ္” ဟု မေကြးၿမိဳ႕မစခန္းမွဴး ဒုရဲမွဴး မိုးေဇာ္ႏိုင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ေအာင္သူ၊ လိႈင္ဖုန္းျမင့္ဦး၊ အာေလး(ခ)အာကာမင္းသူႏွင့္ ေအာင္ေလး(ခ)ေအာင္လင္းဦးတို႔ (၄)ဦးသည္  ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ(၁၆)ရက္ ညေနပိုင္းက မေကြးၿမိဳ႕ ဗိုလ္ခ်ဳပ္ ျမင္းစီးေၾကးရုပ္ပန္းျခံ၌ ထိုင္ေနသည့္ လူငယ္(၂)ဦးအား ဓားႏွင့္ျခိမ္းေျခာက္ကာ ေဆးလိပ္မီးႏွင့္ ထိုးျခင္းကာ KTV သို႔ အတင္းအၾကပ္လိုက္ပို႔ေစကာ က်သင့္ေငြအား ရွင္းေစခဲ့ျခင္း၊ ကန္သာ ကန္ေဘာင္ေပၚ၌ လမ္းေလွ်ာက္ေနၾကသည့္ အေဝးသင္ တကၠသိုလ္ေက်ာင္းသား (၂)ဦးကို ဓားႏွင့္ထိုးျခင္း၊ ကမ္းနားလမ္းရိွ ေက်ာက္သားဥယ်ာဥ္၌ ထိုင္ေနၾကသည့္ အမ်ိဳးသား(၂)ဦး အနက္မွ (၁)ဦးကို ဓားျဖင့္ထိုး၍ ဖုန္းကို ျခိမ္းေျခာက္ေတာင္းယူျခင္းမ်ားကို ဆက္တုိက္က်ဴးလြန္ခဲ့ၾကျခင္းျဖစ္သည္။

 က်ဴးလြန္သူ (၄)ဦးအနက္ ေအာင္သူႏွင့္ လိႈင္ဖုန္းျမင့္ဦး တို႔(၂)ဦးကို ရဲတပ္ဖဲြ႔က နာရီပိုင္းအတြင္း ဖမ္းဆီးရမိခဲ့ေသာ္လည္း အာေလး(ခ)အာကာမင္းသူႏွင့္ ေအာင္ေလး(ခ)ေအာင္လင္း ဦး တို႔(၂)ဦးမွာ ထြက္ေျပးတိမ္းေရွာင္သြားခဲ့ျခင္းျဖစ္သည္။

ထြက္ေျပးေနသူ (၂)ဦးကို ၎တို႔၏မိသားစုမ်ားက စက္တင္ဘာလ(၁၈)ရက္ေန႔ ည (၇)နာရီ (၂၀)မိနစ္အခ်ိန္၌ ရဲစခန္းတြင္ လာေရာက္ပို႔ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးမြို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့က ခြိမ်းခြောက်လုယက်ဓားထိုးမှု ကျူးလွန်ခဲ့သည့် လူငယ် (၄)ဦးအနက် ထွက်ပြေးနေသူ (၂)ဦးကို စက်တင်ဘာလ (၁၈) ရက်နေ့ ညနေပိုင်းတွင်၎င်းတို့၏ မိသားစုများက ရဲစခန်းသို့ လာရောက်အပ်နှံကြောင်း သိရသည်။

“ကျွန်တော်တို့ အနေနဲ့ စုံစမ်းထောက်လှမ်းရေး နည်းလမ်းနဲ့ ပိတ်ဆို့ရှာဖွေရေးတွေ ပြုလုပ်နေတဲ့အပြင် ထွက်ပြေးနေသူတွေရဲ့ မိသားစုဝင်တွေကို စည်းရုံးရေးနည်းလမ်းနဲ့လည်း ချဉ်းကပ်ဆောင်ရွက်နိုင်ခဲ့တာကြောင့် မိသားစုက ကျွန်တော်တို့နဲ့ပူးပေါင်းပြီး အခုလို လာရောက် အပ်နှံခဲ့တာဖြစ်ပါတယ်” ဟု မကွေးမြို့မစခန်းမှူး ဒုရဲမှူး မိုးဇော်နိုင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အောင်သူ၊ လှိုင်ဖုန်းမြင့်ဦး၊ အာလေး(ခ)အာကာမင်းသူနှင့် အောင်လေး(ခ)အောင်လင်းဦးတို့ (၄)ဦးသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ(၁၆)ရက် ညနေပိုင်းက မကွေးမြို့ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်ပန်းခြံ၌ ထိုင်နေသည့် လူငယ်(၂)ဦးအား ဓားနှင့်ခြိမ်းခြောက်ကာ ဆေးလိပ်မီးနှင့် ထိုးခြင်းကာ KTV သို့ အတင်းအကြပ်လိုက်ပို့စေကာ ကျသင့်ငွေအား ရှင်းစေခဲ့ခြင်း၊ ကန်သာ ကန်ဘောင်ပေါ်၌ လမ်းလျှောက်နကြေသည့် အဝေးသင် တက္ကသိုလ်ကျောင်းသား (၂)ဦးကို ဓားနှင့်ထိုးခြင်း၊ ကမ်းနားလမ်းရှိ ကျောက်သားဥယျာဉ်၌ ထိုင်နကြေသည့် အမျိုးသား(၂)ဦး အနက်မှ (၁)ဦးကို ဓားဖြင့်ထိုး၍ ဖုန်းကို ခြိမ်းခြောက်တောင်းယူခြင်းများကို ဆက်တိုက်ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။

 ကျူးလွန်သူ (၄)ဦးအနက် အောင်သူနှင့် လှိုင်ဖုန်းမြင့်ဦး တို့(၂)ဦးကို ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့သော်လည်း အာလေး(ခ)အာကာမင်းသူနှင့် အောင်လေး(ခ)အောင်လင်း ဦး တို့(၂)ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးနေသူ (၂)ဦးကို၎င်းတို့၏မိသားစုများက စက်တင်ဘာလ(၁၈)ရက်နေ့ ည (၇)နာရီ (၂၀)မိနစ်အချိန်၌ ရဲစခန်းတွင် လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net