နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့်တိုက်ခိုက်

နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့်တိုက်ခိုက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် တောင်သာမြို့နယ် အစပ်တွင် စစ်ကြောင်းထိုးနေသည့် အင်အားငါးဆယ်ကျော်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-(၄) တပ်ရင်းမှ ကြေညာချက်ထုတ်ပြန်သည်။

၂၀၂၄ခုနှစ် မေလ (၈) ရက်နေ့ နံနက်ခြောက်နာရီခွဲခန့်တွင် အင်အား (၅၁)ဦးခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းကို လှည်းကူးမရွာအရောက်တွင် ဒရုန်းဖြင့် ဗုံးသီး (၃)လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီဘက်မှ အလောင်းနှင့် ဒဏ်ရာရရှိသူများကို သုံးဘီးဖြင့် ဇရပ်ကြီးရွာ အထိုင်စခန်းသို့ ပို့ဆောင်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ (၅) ရက်နေ့ကလည်း အောင်ချမ်းသာကျေးရွာအနီးတပ်စွဲအထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးကာ(၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency