အလေးချိန် (၃၈၀)ကီလိုရှိ ထိုင်းနိုင်ငံ၏ စံချိန်တင် အကြီးဆုံး ရွှေဖရုံသီး

အလေးချိန် (၃၈၀)ကီလိုရှိ ထိုင်းနိုင်ငံ၏ စံချိန်တင် အကြီးဆုံး ရွှေဖရုံသီး
By Mr John

အလေးချိန် (၃၈၀)ကီလိုရှိသည့် ထိုင်းနိုင်ငံ၏ စံချိန်တင် အကြီးဆုံး ရွှေဖရုံသီးကြီးကို ချင်းမိုင်ပြည်နယ်ရှိ Maejo တက္ကသိုလ်မှ ကျောင်းသူကျောင်းသားဟောင်းများ အုပ်စုတစ်စုက အောင်မြင်စွာ စိုက်ပျိုး ဖြစ်ထွန်းစေနိုင်ခဲ့ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံ၏ အကြီးဆုံး ရွှေဖရုံသီးကြီးကို ၂၀၂၄ ခုနှစ် ဧပြီလ (၃) ရက်နေ့က Panawat ဥယျာဥ်တွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၂၄ ခုနှစ် 'ဧရာမ ရွှေဖရုံသီးများ' ပြပွဲ ဖွင့်ပွဲ အခမ်းအနားအတွင်း တက္ကသိုလ်၏ ယာယီဥက္ကဌ တွဲဖက်ပါမောက္ခ Weerapon Thongma က ပြသလိုက်သည်။

ထိုအခမ်းအနားတွင် Weearapon က ပြပွဲစီစဥ်သော တက္ကသိုလ် ကျောင်းသူကျောင်းသားဟောင်းများကို အသက်မွေးမှုနှင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ 

ယခုပြပွဲတွင် ပြသထားသော ရွှေဖရုံသီးများမှာ ၂၀၂၀ ခုနှစ်အတွင်း Maejo တက္ကသိုလ် ကျောင်းသူကျောင်းသားဟောင်းများ အုပ်စုက အမေရိကန်နိုင်ငံမှ ယူဆောင်လာခဲ့သည့် မျိုးစိတ်များ ဖြစ်သည်။ 

ချင်းမိုင်ပြည်နယ်ရှိ Maejo တက္ကသိုလ်မှာ ထိုင်းနိုင်ငံ၏ သက်တမ်းအရင့်ဆုံး စိုက်ပျိုးရေးတက္ကသိုလ်လည်း ဖြစ်သည်။

Panawat ဥယျာဥ်တွင် အလုပ်လုပ်ကိုင်နေသော တက္ကသိုလ် ကျောင်းသူကျောင်းသားဟောင်းများ အုပ်စုက အမေရိကန်မှ ရွှေဖရုံသီးမျိုးများကို ထိုင်းမြေပေါ်တွင် စိုက်ပျိုးဖြစ်ထွန်းနိုင်မည့် နည်းပညာကို ကြံဆဖန်တီးခဲ့ကြသည်။ 

၂၀၂၄ ခုနှစ်အတွင်း ၎င်းတို့၏ စိုက်ပျိုးရေး အားထုတ်ကြိုးပမ်းမှုများတွင် သိသာထင်ရှားသော တိုးတက်မှုများရှိခဲ့ပြီး အထူးသဖြင့် အလေးချိန် (၈၃၈) ပေါင်ရှိ ရွှေဖရုံသီးကြီး၏ စံချိန်တင် ကြီးထွားမှုဖြစ်ကြောင်း ကျောင်းသူကျောင်းသားဟောင်းများ အုပ်စုက ကြေညာခဲ့သည်။ 

'ဧရာမ ရွှေဖရုံသီးများ' ပြပွဲကို ၂၀၂၄ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ချင်းမိုင်ပြည်နယ် Hot ခရိုင်ရှိ Panawat ဥယျာဥ်တွင် ဖွင့်လှစ်ပြသထားကြောင်း သိရသည်။

Source: Bangkok Post

Photo: ข่าวมุมเหนือ Cm Thainews