ထိုင်းနိုင်ငံ၏ ဒေသ အားလုံးတွင် မတ်လနှင့် ဧပြီလအတွင်း အပူချိန်များ (၄၀) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်မြင့်တက်မည်ဟု ခန့်မှန်းထား

ထိုင်းနိုင်ငံ၏ ဒေသ အားလုံးတွင် မတ်လနှင့် ဧပြီလအတွင်း အပူချိန်များ (၄၀) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်မြင့်တက်မည်ဟု ခန့်မှန်းထား
By Mr John

ထိုင်းနိုင်ငံ၏ နေရာဒေသ အားလုံးတွင် ၂၀၂၄ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း အပူချိန်များ (၄၀) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်မြင့်တက်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသဌာန Meteorological Department  က သတိပေးချက် ထုတ်ပြန်သည်။ 

ယခုနှစ် နွေရာသီအတွင်း ရာသီအလိုက် ပျမ်းမျှအပူချိန်ထက် (၁) မှ (၂) ဒီဂရီဆဲလ်စီးယပ် ပိုမိုမြင့်တက်လိမ့်မယ်ဟု မိုးလေဝသဌာန အထွေထွေညွှန်ကြားရေးမှူး Kornravee Sitthichitvapak က ၂၀၂၄ ခုနှစ် မတ်လ (၇) ရက်နေ့တွင် ပြောသည်။

အလွန်ပူပြင်းသော မိုးလေဝသအခြေအနေ ကြုံတွေ့နေရသည့် နေရာဒေသများတွင် အပူချိန် (၄၀) ဒီဂရီဆဲလ်စီးယပ်အထက်သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများတွင် ပူပြင်းသောနှင့် အလွန်ပူပြင်းသော အခြေအနေ ကြုံတွေ့ရမည်ဟု ခန့်မှန်းထားသည်။ 

အလွန်ပူပြင်းသော ထိုအပူချိန်များကို နေ့စဥ် ကြုံတွေ့ရမည် မဟုတ်သော်လည်း သတ်မှတ်ဖော်ပြထားသော နေရာဒေသများနှင့် အချိန်ကာလများတွင် ကြုံတွေ့နိုင်ကြောင်း Kornravee က ပြောသည်။

၂၀၂၄ ခုနှစ် မတ်လမှ ဧပြီလအထိ အလယ်ပိုင်း လွင်ပြင်များနှင့် ဘန်ကောက်မြို့ အပါအဝင် နေရာဒေသ အများအပြားတွင် အပူချိန်များ (၄၀) ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ 

 

 

Source: Bangkok Post