နွားထိုးကြီးမြို့ရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးကို တော်လှန်ရေးတပ်က ဝင်ရောက်တိုက်ခိုက်

နွားထိုးကြီးမြို့ရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးကို တော်လှန်ရေးတပ်က ဝင်ရောက်တိုက်ခိုက်
ဇန်နဝါရီ 2, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် မြို့မရဲစခန်းနှင့် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ဆောက်လုပ်ရေးရုံးတို့အား ပြီးခဲ့သည့်နှစ် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် Natogyi People Defence Forceက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်စခန်းများကို Natogyi People Defence Forceက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်  အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ (၂)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးနိုင်ပြီး  တော်လှန်ရေးတပ်ဘက်က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာလ (၂၇)ရက်နေ့ကလည်း တော်လှန်ရေးတပ်ဖွဲ့ (၇)ဖွဲ့ပေါင်းကာ နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာ စာသင်ကျောင်း၀န်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဗုံးသီးချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် နွားထိုးကြီးမြို့မရဲစခန်းကိုလည်း ဗုံးသီး(၂)လုံး၊ စာသင်ကျောင်းပေါက်၀တွင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်သားများကို ဗုံးသီးတစ်လုံးချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် မလှိုင်မြို့နယ် သရက်ကောင်းပင်ကျေးရွာရှိ ဘုန်းကြီးကျောင်း၀န်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency