မတူပီ-မင်းတပ်လမ်းရှိ စစ်ကောင်စီတပ်၏ ကာကင်းကုန်းစခန်းအား CDF မတူပီ ဝင်တိုက်၊ မတူပီရဲစခန်းမှ ရဲတပ်ကြီးတစ်ဦး မိသားစုနှင့်အတူ CDM ပြုလုပ်

မတူပီ-မင်းတပ်လမ်းရှိ စစ်ကောင်စီတပ်၏ ကာကင်းကုန်းစခန်းအား CDF မတူပီ ဝင်တိုက်၊ မတူပီရဲစခန်းမှ ရဲတပ်ကြီးတစ်ဦး မိသားစုနှင့်အတူ CDM ပြုလုပ်

ချင်းပြည်နယ် မတူပီ-မင်းတပ်လမ်းရှိ စစ်ကောင်စီတပ်၏ ကာကင်းကုန်စခန်းအား CDF မတူပီက ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်(၃)လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး ဖြိုးမင်းထက် အပါအဝင် (၇)ဦး သေဆုံးခဲ့ပြီး MA-3 (၂)လက်၊ MA-5 Pistol (၁)လက်ကို သိမ်းဆည်းရရှိခဲ့သည်ဟု CDF မတူပီက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၃၀)ရက်နေ့တွင်လည်း မတူပီမြို့ပေါ်  မြို့မရဲစခန်းမှ ရဲတပ်ကြပ် ဦးရန်ရှင်းအောင်နှင့် မိသားစုသည် G-3 (၁)လက်၊ ကျည်ဘောက် (၂)ခု၊ ကျည်ဆံ (၁၀၄)တောင့် အားယူဆောင်လာကာ CDFမတူပီထံ CDM ပြုလုပ်လာကြောင်း သိရသည်။

ပြည်သူနှင့်အတူ ပူးပေါင်းလာသော ဦးရန်ရှင်းအောင် မိသားစုအား  ဂတိခံထားသည့်အတိုင်း CDF မတူပီက ငွေကျပ်သိန်း (၅၀)ချီးမြင့်နိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency