ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီ ဖမ်းဆီး 

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီ ဖမ်းဆီး 
အောက်တိုဘာ 29, 2023 | 2021 Military Coup

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီက ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ ညပိုင်းက ဖမ်းဆီးသွားကြောင်း သိရသည်။

၎င်းအား အလုံရဲစခန်းက ပြည်သူလူထု ထိတ်လန့်စေရန်ကြံရွယ်ပြီး မမှန်သတင်းများဖြန့်ဝေခြင်း၊ အစိုးရဝန်ထမ်းများ ပြစ်မှုကျူးလွန်လာစေရန် ရည်ရွယ်လှုံ့ဆော်ခြင်းတို့ဖြင့် (ပ)၂၁၆/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

လက်ရှိတွင် ဦးရဲထွဋ်ကို ဖမ်းဆီးပြီးရမန်ယူ၍ အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း သိရသည်။

#TachileikNewsAgency