နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်းအား တော်လှန်တပ်ဝင်ပစ်

နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်းအား တော်လှန်တပ်ဝင်ပစ်
အောက်တိုဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာ ကားလမ်းထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့ ညနေပိုင်းက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု(OPRF-PLA)ထံမှ သိရသည်။

ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးနိုင်ပြီး လက်ရှိတွင်  ဂိတ်စခန်းဝန်းကျင်၌ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းရှာဖွေနေကြောင်း သိရသည်။

"ရန်သူကို ချေမှုန်းပြီး ရန်သူ့လက်နက် ရချင်လို့ပါပဲ။ ခန့်မှန်းအင်အားက (၂၀)ဝန်းကျင်လို့ သိထားတာပါ။ မနေ့ညနေက ကျွန်တော်တို့ မြင်တာတော့ ဆယ်ယောက်ထက်များများလောက်တော့ မြင်ရတယ်ဗျ။"ဟု အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု (OPRF - PLA)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု (OPRF - PLA)တပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency