ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့စစ်ဆေးရေးဂိတ်ပစ်ခတ်ခံရ ရဲတစ်ဦးသေ

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့စစ်ဆေးရေးဂိတ်ပစ်ခတ်ခံရ ရဲတစ်ဦးသေ

မကွေးတိုင်း၊ ပေါက်မြို့နယ် ရေပြာကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်အား ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေပြီး သေနတ်တစ်လက်ကို ဒေသကာကွယ်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့စစ်ဆေးရေးဂိတ်ကို Anonymous Special Task Forceနှင့် မဟာမိတ်တပ်ဖွဲ့များက "နောင်ရိုးစစ်ဆင်ရေး"အဖြစ် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ G3သေနတ်တစ်လက်နှင့် ကျည်(၁၇၁)တောင့်၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု Anonymous Special Task Forceထံမှသိရသည်။

တိုက်ခိုက်မှုကို ASTF(Pauk)တပ်ဖွဲ့၊ မြိုင် ပကဖ ရင်း၁ - စိတ် ၁၈၊ NPRF တပ်ဖွဲ့ ၊ Fire Revolution Group(ခရိုင်ရင်း ၁၆)၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ ဗိုလ်ဗျတ္တနှင့် နွေဦးလေပွေတပ်ဖွဲ့၊ Justic Fighterတပ်ဖွဲ့၊ ကင်ဒိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အဆိုတော်တပ်ဖွဲ့ ၊ ဆိုင်ကလုန်းပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်လရောင်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo :Anonymous Special Task Force