ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးမှုကြောင့် မေလအတွင်း နေအိမ်(၆၅၀)ကျော်ဆုံးရှုံးပြီး အရပ်သား(၃)ဦးသေဆုံး

ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးမှုကြောင့် မေလအတွင်း နေအိမ်(၆၅၀)ကျော်ဆုံးရှုံးပြီး အရပ်သား(၃)ဦးသေဆုံး

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများ၏ စစ်ကြောင်းထိုး မီးရှို့မှုများကြောင့် ‌၂၀၂၃ခုနှစ် မေလအတွင်း နေအိမ် (၆၅၀)လုံးကျော် ဆုံးရှုံးပြီး အရပ်သား(၃)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်များမှ မေလအတွင်းတွင် ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာမှ နေအိမ်(၂၅)လုံး၊ ကျေးလက်ဆေးပေးခန်းတစ်ခုနှင့် စပါးတိုက်(၃)လုံးကိုလည်းကောင်း ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ(၁၃)ရွာမှ နေအိမ်(၆၂၈)လုံးနှင့် စာသင်ဆောင်(၂)ဆောင်တို့ကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာ စုစုပေါင်း (၁၇)ရွာမှ နေအိမ်(၆၅၃)လုံး၊ ကျေးလက်ဆေးပေးခန်း(၁)ခု၊ စာသင်ဆောင်(၂)ဆောင်နှင့် စပါးတိုက်(၃)လုံး ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်များမှ ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ခြင်း အပါအဝင် ဖမ်းဆီးသတ်ဖြတ်ခံရခြင်းတို့ကြောင့် အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၂)ဦးတို့လည်း သေဆုံးခဲ့ရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၃)ရက်တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့