နတ်တလင်းမြို့နယ် ဂွေ့ကြီးရွာနှင့် ကျောက်ပြုတ်ရွာကြား အပြင်ထွက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းခွဲတိုက်ခိုက်ရပြီး (၅)ဦး သေသွား

နတ်တလင်းမြို့နယ် ဂွေ့ကြီးရွာနှင့် ကျောက်ပြုတ်ရွာကြား အပြင်ထွက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းခွဲတိုက်ခိုက်ရပြီး (၅)ဦး သေသွား
ဧပြီ 24, 2022 | အခြားဒေသများ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ဂွေ့ကြီးရွာနှင့် ကျောက်ပြုတ်ရွာကြားတွင် အပြင်ထွက်လာသည့် စစ်ကောင်စီတပ်ကို  ဧပြီလ (၂၃)ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၅)ဦးသေကာ အများအပြား ဒဏ်ရာရကြောင်း ပဲခူး PDF က သတင်း ထုတ်ပြန်လာသည်။

သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ(၃) မှ MRF အဖွဲ့က ဂွေ့ကြီးရွာနှင့် ကျောက်ပြုတ်ရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပဲခူးတိုင်း PDF တပ်ရင်းများအနေဖြင့် စစ်ကောင်စီအဖွဲဝင်များနှင့် ၎င်းတို့၏ ယန္တရားများကို တိုးမြှင့် တိုက်ပွဲဖော်ဆောင်နေပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြပါရန် တိုက်တွန်းထားသည်။