ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ASEAN JAPAN Cyber SEA Games တွင် မြန်မာအသင်းမှ အဆင့်(၅) ရရှိခဲ့

ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ASEAN JAPAN Cyber SEA Games တွင် မြန်မာအသင်းမှ အဆင့်(၅) ရရှိခဲ့
နိုဝင်ဘာ 22, 2019
By Tachileik News Agency

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် ASEAN JAPAN Cyber SEA Games 2019 ပြိုင်ပွဲတွင်  မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းက အမှတ်(၂၀၀၀)ကျော်ဖြင့် အဆင့် (၅)ရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအား ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်(၁၀)နာရီမှ ည(၆)နာရီအထိ ကျင်းပပြုလုပ်ရာ အာဆီယံနိုင်ငံမှ နိုင်ငံကိုယ်စားပြု လက်ရွေးစင် အသင်း(၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရမှတ်(၃၁၀၀)ဖြင့် ထိုင်းနိုင်ငံ ကိုယ်စားပြုအသင်းက အဆင့်(၁)ရရှိပြီး ရမှတ်(၃၀၂၀)ဖြင့် ဗီယက်နမ်ကိုယ်စားပြုအသင်းက အဆင့်(၂)ရရှိသည်။

ရမှတ်(၂၇၇၀)ဖြင့် အင်ဒိုနီးရှား ကိုယ်စားပြုအသင်းက အဆင့်(၃)ရရှိပြီး ရမှတ် (၂၅၅၀)ဖြင့် စင်္ကာပူကိုယ်စားပြုအသင်းက စတုထ္ထရရှိကာ  မြန်မာနိုင်ငံကိုယ်စားပြုအသင်းက ရမှတ်(၂၁၇၀)ဖြင့် အဆင့်(၅)ရရှိသည်။

မြန်မာနိုင်ငံကိုယ်စားပြုအသင်းတွင် Myanmar Cyber Security Challenge 2019 (အလွတ်တန်းအဆင့်) ပြိုင်ပွဲမှ ဆုရရှိခဲ့ကြသူများဖြစ်ကြသည့် မောင်စိုင်းဖုန်းဆိုင်ကျောက်၊ မောင်အောင်ခန့်မင်း၊ မောင်သူရမိုးမြင့်နှင့် မောင်ဟိန်းသန့်ဇင်တို့ ဖြစ်ပြီး ၎င်း(၄)ဦးတွင် မောင်သူရမိုးမြင့်သည် ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်တွင် တက်ရောက်နေသူဖြစ်ပြီး တာချီလိတ်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် (၄)ကြိမ်မြောက်အဖြစ် ကျင်းသည့် Cyber SEA Game တွင် သတ်မှတ်အချိန်တိုအတွင်း ဆိုင်ဘာလုံခြုံရေး နှင့် သက်ဆိုင်သည့် Binary Exploitation၊ Web Security၊ Reverse Engineering၊ Cryptography နှင့် Forensics ကဏ္ဍများကို ဖြေဆိုရခြင်း ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - MMCERT , ETDA Thailand

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net