ဝူဟန်အဆုတ်ရောင်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံတော်အဆင့် ကော်မတီဖွဲ့စည်း

ဝူဟန်အဆုတ်ရောင်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံတော်အဆင့် ကော်မတီဖွဲ့စည်း
ဇန်နဝါရီ 31, 2020
By Tachileik News Agency

 ဝူဟန်အဆုတ်ရောင်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံတော်အဆင့် ကော်မတီဖွဲ့စည်း

ကူးစက်ခံရသူ (၁၀,၀၀၀)နီးပါး ရှိနေပြီး ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကော်ရိုနာဗိုင်းရပ်စ် မကူးစက်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံအဆင့် ကော်မတီတစ်ရပ်အား ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားရှိသည်။

ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ကူးစက်ပျံ့ပွားမှုသည်  တရုတ်နိုင်ငံ အပါအဝင် ထိုင်း၊ ဂျပန်၊ စင်္ကာပူ၊ သြစတေးလျ၊ မလေးရှား၊ ပြင်သစ်၊ အမေရိကန်၊ ဂျာမဏီ၊ အီတလီ၊ ‌တောင်ကိုရီးယား၊ အမေရိကန်၊ အာရပ်ဆော်ဘွားများနိုင်ငံ၊ ကနေဒါ၊ ဗီယက်နမ်၊ က‌မ္ဘောဒီးယား၊ ဖင်လန်၊ အိန္ဒိယ၊ နီပေါ၊ ဖီလစ်ပိုင်နှင့် သီရိလင်္ကာနိုင်ငံ စသည့် နိုင်ငံပေါင်း (၂၀)သို့ ရောက်ရှိနေပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ နေ့လည်(၁၂)နာရီ ဝန်းကျင်အထိတွင် ကူးစက်ခံရသူ စုစုပေါင်း (၉,776)ဦး ရှိပြီး သေဆုံးသူ (၂၁၃)ဦးရာ သေဆုံးသူများမှ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~