ပါရီမြို့တွင် ဝန်ဆောင်မှုပေးမည့် ပြင်သစ်နိုင်ငံ၏ ပထမဆုံး စက်ဘီးနိဗ္ဗာန်ယာဥ်

ပါရီမြို့တွင် ဝန်ဆောင်မှုပေးမည့် ပြင်သစ်နိုင်ငံ၏ ပထမဆုံး စက်ဘီးနိဗ္ဗာန်ယာဥ်
နိုဝင်ဘာ 5, 2022 | နိုင်ငံတကာသတင်း
By Mr John

 

မကြာသေးမီက ဆောင်းဦးရက်တစ်ရက်က နာရေးစီစဥ်ဆောင်ရွက်သူ Isabelle Plumereau ကို ပါရီမြို့တခွင် စက်ဘီးနိဗ္ဗာန်ယာဥ်တစ်စီးနှင့်အတူ တွေ့ခဲ့ကြရသည်။ 

သူမက ပြင်သစ်မြို့တော်တွင် လေထုညစ်ညမ်းမှု မဖြစ်စေသည့် ဈာပနအခမ်းအနားများ ပြုလုပ်ရန် အစိမ်းရောင်နည်းလမ်းသစ်ကို မကြာမီ မိတ်ဆက်လာနိုင်မည်ဟု မျှော်လင့်ထားသူ ဖြစ်သည်။

ဆွစ်ဇာလန်နှင့် ဒိန်းမတ် အပါအဝင် အခြား နိုင်ငံအနည်းငယ်တွင် စက်ဘီးနိဗ္ဗာန်ယာဥ်များ ရှိနေပြီးဖြစ်သော်လည်း ပြင်သစ်တွင်မူ သူမ၏ စက်ဘီးနိဗ္ဗာန်ယာဥ်က ပထမဆုံးဖြစ်မည်ဟု အသက် (၅၁) နှစ်အရွယ် Plumereau က ဆိုသည်။ 

ပြင်သစ်နိုင်ငံ၏ စည်းမျဥ်းစည်းကမ်းများနှင့် လိုက်လျောညီထွေဖြစ်ရန် ပြင်ဆင်ပြီးနောက် စက်ဘီးနိဗ္ဗာန်ယာဥ် အသုံးပြုရန် တရားဝင် ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်းနှင့် ဝန်ဆောင်မှုစတင်ရန် သူမ၏ အာမခံကုမ္ပဏီထံမှ အကြောင်းကြားမှုကို စောင့်ဆိုင်းနေသည်ဟု Plumereau က ပြောသည်။

အနက်ရောင်နှင့် သစ်သားကိုယ်ထည်ဒီဇိုင်းကို ပုံဖော်ထားသည့် စက်ဘီးနိဗ္ဗာန်ယာဥ်ကို လမ်းသွားလမ်းလာများက စူးစမ်းငေးမောလေ့ရှိကြပြီး အချို့က စိတ်ဝင်စားကြသည်ဟု ဆိုသည်။ 

အသက် (၄၉) နှစ်အရွယ် Eyles Meziou အမည်ရှိ အမျိုးသားကမူ စက်ဘီးနိဗ္ဗာန်ယာဥ်မှာ အတော်ဆန်းဆန်းသစ်ကြောင်း ပြောခဲ့သော်လည်း ၎င်း၏ နာရေးအတွက် အသုံးမပြုလိုဟု ဖြည့်စွက်ပြောခဲ့သည်။

Source: Reuters