အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းခြင်းအား  အပြည့်အဝထောက်ခံကြောင်း ကြေငြာ

အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းခြင်းအား  အပြည့်အဝထောက်ခံကြောင်း ကြေငြာ
ဧပြီ 16, 2021

 

❖ အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းခြင်းအား  အပြည့်အဝထောက်ခံကြောင်း ကြေငြာ

❖ ပြည်သူရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့်  ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းကြောင်း ကြေညာလိုက်ခြင်းကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက  အပြည့်အဝ ထောက်ခံကြောင်း ကြေညာလာသည်။

❖ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့၏ လမ်းညွှန်ချက်များ နှင့် အတူ ဆက်လက် ပူးပေါင်း ပါဝင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းကိုလည်း ကြေညာထားသည်။