မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်က မှုခင်းမှတ်တမ်းတာဝန်ခံဖြစ်သူ ရဲအုပ်စန်းကိုကို ယနေ့ မတ်လ(၉)ရက်နေ့တွင် CDM ပါဝင် လုပ်ဆောင်လာကြောင်း သိရသည်။
စစ်အာဏာရှင်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသလို လူငယ်များ၏ အနာဂတ်ရှင်သန်နိုင်ရေးမျှော်မှန်းကာ CDM ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
မန္တလေးမြို့တွင် CDM ပြုလုပ်သည့် ရဲဝန်ထမ်းများပြားပြီး စခန်းတစ်ခုလုံးနီးပါး CDMလုပ်သည့် ရဲစခန်းများလည်း ရှိသည်။
Tachileik News Agency