အာဏာသိမ်းစစ်ကောင်စီ နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း PPST ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း PPST ထုတ်ပြန်
ဖေဖော်ဝါရီ 20, 2021

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့် စစ်တပ်က အာဏာသိမ်းထားသည့် ကာလအတွင်း နိုင်ငံရေးအရ ဆွေးနွေးမည် မဟုတ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့၌ ထုတ်ပြန်ကြေညာလိုက်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အထူးအစည်းအဝေးဖြင့် ဆုံးဖြတ်ပြီးနောက်  ထုတ်ပြန်ကြေညာလာခြင်းဖြစ်သည်။

Tachileik News Agency

⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews  #Tachileik #Myanmar #MyanmarNews #MyanmaronlineNews