အိန္ဒိယနိုင်ငံမှာ ငွေကြေးခဝါချမှုကို တိုက်ဖျက်တဲ့အနေနဲ့ ရူပီး ၅၀၀ နဲ့ ၁၀၀၀ တန်တွေကို တရားမဝင်ကြေညာလိုက်တာကြောင့် တရားဝင်ငွေစက္ကူတွေနဲ့ လဲလှယ်ဖို့ သိန်းနဲ့ချီတဲ့လူထုကြီးဟာ ဘဏ်တွေအပြင်ဘက်မှာ နာရီပေါင်းများစွာ စောင့်ဆိုင်းနေကြပါတယ်။
ဘာသာပြန် - ဇွဲမြတ်
Ref; Reuters , CCTVNews
“နေရာတိုင်းမှာတော့ ကမောက်ကမတွေ ဖြစ်ကုန်တာပဲ”လို့ ဒေလီမြို့ရဲ့ဝန်ကြီး Arvind Kejrilwal ကပြောပါတယ်။
ဒေလီတောင်ပိုင်းက ဘဏ်တစ်ခုမှာတော့ ဘဏ်ဝန်ထမ်းတွေက ဝင်ပေါက်ကို ပိတ်လိုက်တဲ့အတွက် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မှန်တံခါးတွေကို ရိုက်ခွဲပစ်ခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ငွေကြေးလည်ပတ်မှု မရှိသလောက်ဖြစ်နေတာကြောင့် ကုန်စိမ်းနှုန်းဈေးကိုတောင် ပိတ်ပစ်ရမလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံက ATM စက် တစ်ဝက်လောက်ကို ပိတ်ထားရပြီး ကျန်တစ်ဝက်မှာလည်း ငွေစက္ကူအသစ်တွေက ကုန်သလောက်ဖြစ်နေတယ်လို့ သိရပါတယ်။
ဘာသာပြန် - ဇွဲမြတ်
Ref; Reuters , CCTVNews