(တင်ရန်) မိုင်းဖြတ်မြို့နယ် နမ့်ယွန်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များ စုပေါင်းကောက်သစ်စားပွဲကျင်းပ

(တင်ရန်) မိုင်းဖြတ်မြို့နယ် နမ့်ယွန်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များ စုပေါင်းကောက်သစ်စားပွဲကျင်းပ
နိုဝင်ဘာ 14, 2016
By Tachileik News Agency

ကိုသာ - Tachileik News Agency
မိုင်းဖြတ်၊ နိုဝင်ဘာလ (၁၂) ရက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ရှိ နမ့်ယွန်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ကောက်သစ်စားပွဲကို နိုဝင်ဘာလ(၁၂)ရက်နေ့ ပြည်သူ့စစ်စခန်းရှိ ဘုရားရှိခိုးကျောင်းဝန်းအတွင်း ကျင်းပကြောင်း သိရသည်။

" ကျွန်တော်တို့ လားဟူတိုင်းရင်းသားများအနေနဲ့ တစ်နှစ်တစ်ခါ ကောက်သစ်စားပွဲပြုလုပ်တဲ့ဓလေ့ရှိပါတယ်။ ခုလည်း ကျွန်တော့်ရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေကိုဖိတ်ပြီး စုပေါင်း ကောက်သစ်စားပွဲ ပြုလုပ်တာဖြစ်ပါတယ် " ဟု နမ့်ယွန်းပြည်သူ့စစ်ခေါင်းဆောင် ၀င်းဇာနည်မွေက ပြောသည်။

အဆိုပါ ကောက်သစ်စားပွဲအား နမ့်ယွန်းပြည်သူ့စစ်စခန်းတွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မိမိတို့စိုက်ပျိုးထားရှိသည့် လယ်ယာများမှ ထွက်ရှိလာသည့် ဆန်၊ စပါး နှင့် ကောက်ပဲသီးနှံများအား ဦးဦးဖျားဖျားခူးယူပြီး ပြည်သူ့စစ်စခန်းရှိ ဘုရားရှိခိုးကျောင်းသို့ ယူဆောင်လာကာ ၀တ်ပြု ဆုတောင်းခြင်းများ ပြုလုပ်ခြင်း၊ နောင်နှစ်တွေမှာလည်း ဆန်၊ စပါး၊ ကောက်ပဲသီးနှံများ အထွက်ကောင်းစေရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ လယ်ယာတွေက ထွက်ရှိလာတဲ့ ဆန်၊ စပါး၊ ကောက်ပဲသီးနှံတွေကို ဘုရားရှိခိုးကျောင်းကို ဦးဦးဖျားဖျားပို့ပြီးတော့ စခန်းမှာရှိတဲ့ တပ်ဖွဲ့ဝင်မိသားစုတွေက ထမင်းဟင်းချက်ပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ မိသားစုတွေ စုပေါင်းပြီး ဘုရားရှိခိုးကျောင်းဝန်းထဲမှာ စားကြတာပါ " ဟု ပြည်သူ့စစ်
တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါကောက်သစ်စားပွဲသို့ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်မတော်အရာရှိများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ၊ နမ့်ယွန်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~